Magway News

Magway News

နတ်မောက်မြို့နယ်၊ ဝက်ချုပ်ကျေးရွာတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဘိုဌေးဝင်း ပစ်ခတ်ခံရပြီး သေဆုံး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂၅

 

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ဝက်ချုပ်ကျေးရွာနေ အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဘိုဌေးဝင်းကို သေနတ်ဖြင့်ပစ်ခတ်ရှင်းလင်းခဲ့ရာနေရာမှာ သေဆုံးသွားကြောင်း နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

 

ဒီဇင်ဘာလ ၂၀ ရက် နံနက် ၈ နာရီ ၈ မိနစ်က နတ်မောက်မြို့နယ်၊ ဝက်ချုပ်ကျေးရွာအုပ်ချုပ်ရေးမှူး ဘိုဌေးဝင်းကို ကျေးရွာအနောက်ဘက်တွင်လှည်းလမ်းဘေးတစ်နေရာတွင် သေနတ်ဖြင့် ၂ ချက် ပစ်ခတ်ရှင်းလင်းခဲ့ရာသေဆုံးသွားကြောင်း၊ သေဆုံးသွားသည့် ရုပ်အလောင်းကို နတ်မောက်မြို့နယ် ပျူခေါင်းဆောင် ခင်မောင်ဌေးအဖွဲ့မှ ရောက်ရှိလာပြီး နတ်မောက်မြို့ပေါ်သို့ သယ်ဆောင်သွား ကြောင်း သိရသည်။

“သူ့ပြစ်ချက်တွေကို စစ်ဆေးတွေ့ရှိချက်အရ ခိုင်လုံတဲ့အထောက်အထားတွေ အများကြီးတွေ့ခဲ့ပါ တယ်။ သူက ရွာမှာ လောင်းကစားဝိုင်းတွေလုပ်တယ်။ လောင်းကစားတွေကို သူ့လက်အောက်ငယ် သားကို အကောက်ကောက်ခိုင်းပြီးတော့ စစ်တပ်နဲ့ရဲကိုထောက်ပံ့တယ်။ ပြီးခဲ့တဲ့လထဲကဆိုလို့ရှိရင် လည်း ဒေသခံကလေး ၂ ဦးကို ရွာမွန်ဂိတ်မှာပေါ်တာဆွဲခံရအောင် သူကသတင်းပေးခဲ့တာ။ အဲဒီက လေး ၂ ယောက်ဆိုရင် စစ်တပ်ထဲပါသွားတာ။” နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

သေဆုံးသူအုပ်ချုပ်ရေးမှူး ဘိုဌေးဝင်းသည် ကျေးရွာနေ လူငယ်များကို အတင်းဓမ္မစစ်သား စုဆောင် ပေးခြင်း၊ လောင်းကစားဝိုင်းများထူထောင်ကာ အကြမ်းဖက်စစ်တပ်၊ ရဲတို့ကို ထောက်ပံ့ပေးခြင်း၊ စစ်တပ် စစ်ကြောင်းထိုးရာတွင် လမ်းပြခြင်း၊ တိုင်တန်းခြင်း၊ စစ်တပ်နှင့် ကျေးရွာနေပြည်သူများ အပေါ် အနိုင်ကျင့်ခြင်း တို့လုပ်ဆောင်နေသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာကို စစ်တပ်ကလေကြောင်း၊ လက်နက် ကြီးဖြင့် တိုက်ခိုက်မှု ပြည်သူ ၅ ဦး သေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရ

သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာကို စစ်တပ်ကလေကြောင်း၊ လက်နက် ကြီးဖြင့် တိုက်ခိုက်မှု ပြည်သူ ၅ ဦး သေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၁ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီးကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာတို့ကို အကြမ်းဖက်စစ် ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦး သေဆုံးပြီး ၄ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ထံမှ သိရသည်။ ယနေ့ စက်တင်ဘာလ...