Bago News

Bago News

အုတ်တွင်းမြို့နယ်၊ ကန်ကလေးရွာအနီး တပ်စွဲထားသော စစ်သာများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂၃

 

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ကန်ကလေးရွာအနီး၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ် သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ၊ အ မှတ် ၂ စစ် ဒေသခွဲက ထုတ်ပြန်သည်။

 

ယမန်နေ့ ဒီဇင်ဘာလ ၂၂ ရက် နံနက် ၁၁ နာရီ ၂၄ မိနစ်က အုတ်တွင်းမြို့နယ်၊ ကန်ကလေးကျေး ရွာအနီး၌ အခြေချတပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၅ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ PDF အမှတ် ၃၅၀၂ တပ်ရင်း – Delta one Drone Force ၊ စစ်တောင်းစစ်ကြောင်းနှင့် အုတ်တွင်း(ပကဖ) ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အလားတူ ဒီဇင်ဘာလ ၆ ရက်နေ့ကလည်း အုတ်တွင်းမြို့မရဲစခန်း နှင့် ထွေ/အုပ်ရုံးတို့၌ တပ်စွဲထား သည့် စစ်ကောင်စီတပ်ဖွဲ့များကို အမှတ် ၃၅၀၂ တပ်ရင်း – Delta one Drone Force နှင့် အုတ်တွင်း (ပကဖ) ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ အဖွဲ့ဝင် အချို့ ထိခိုက်‌သေဆုံးမှု ရှိခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

ငါ့သရောက်မြို့နယ်၊ ဆင်သားမွေးရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး အမျိုးသားတစ်ဦး ကို ရက်ရက်စက်စက်သတ်ဖြတ်ကာ နေအိမ် ၂၅ လုံးကို မီးရှို့ဖျက်ဆီး   သံလွင်မြန်မာသတင်း ဇူလိုင်လ ၁   မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့နယ်၊ ဆင်သားမွေးရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင် ရောက်ပြီး အမျိုးသားတစ်ဦးကို ရက်ရက်စက်စက်သတ်ဖြတ်ကာ...