Shan State News

Shan State News

ရွာငံမြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးပြီး စစ်တပ်က မင်းပလောင်ရွာမှ နေအိမ်အလုံး ၁၇၀ ကျော်ကိုမီးရှို့ဖျက်ဆီး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂၃

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်မှာ အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့တယ်လို့ ဓနုပြည်နယ် အမျိုးသားကာကွယ် ရေး တပ်တော် – DSNDA တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

 

ဒီဇင်ဘာလ ၂၁ ရက်နေ့က ရွာငံမြို့နယ်၊ ရေလှကျေးရွာကနေ အင်အား ၁၁၀ လောက်နဲ့ မင်းပလောင် ရွာဘက်ကို ဝင်ရောက်တဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မင်းပလောင်ရွာမရောက်မီ ဓနုပြည် နယ် အမျိုးသား ကာကွယ်ရေးတပ်တော် – DSNDA က ဖျက်အားပြင်း ပဒေသာမိုင်းတွေနဲ့ တိုက်ခိုက်ခဲ့ တာပါ။

 

အကြမ်းဖက်စစ်တပ် စစ်ကြောင်းက ဆက်လက် စစ်ကြောင်းထိုးကာ မင်းပလောင်ကျေးရွာအတွင်းကို ဝင်ရောက် လာတဲ့အတွက် ၂ ရက်ဆက်တိုက်တိုက်ပွဲဖြစ်ကာ အကြမ်းဖက်စစ်သား ၃ ဦး ထက်မနည်း သေဆုံးသလို ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။

အထိနာသွားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်က မနေ့က ဒီဇင်ဘာလ ၂၂ ရက် မနက် ၁၀ နာရီ က စပြီး မင်းပလောင်ကျေးရွာထဲက ပြည်သူ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာအလုံး ၁၇၀ ကျော်မီး လောင် သွားပြီလို့ သိရပါတယ်။

 

“မင်းပလောင်ရွာကို မီးရှို့နေတာ၊ တိုက်ပွဲက ၂ ရက်ဆက်တိုက်ပဲ၊ သူတို့တွေမိုင်းထိထားတယ်၊ အခုထိလည်း မင်းပလောင်ရွာထဲမှာပဲရှိသေးတယ်။ ပြည်သူတွေ စစ်ဘေးရှောင်နေရတဲ့အတွက် စား ဝတ်နေရေး၊ ကျန်းမာရေး အခက်အခဲကြုံတွေ့နေရပါတယ်” ဟု ဓနုပြည်နယ် အမျိုးသားကာကွယ် ရေးတပ် – DSNDA တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

အကြမ်းဖက်စစ်သားများက ပြန်လည်ဆုတ်ခွာမှုမရှိသေးလို့ တိုက်ခိုက်ပွဲတွေ ပြင်းထန်လာနိုင်သလို စစ်ဘေးရှောင်နေရတဲ့ မိဘပြည်သူတွေကို ဝိုင်းဝန်းကူညီပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ရွှေဘိုမြို့နယ်၊ ဟင်္သာကြီးပျူရွာအပါအဝင် စခန်း ၃ ခုကို တပြိုင်တည်းဝင်ရောက်တိုက်ခိုက် သိမ်း ပိုက်၊ အရာခံဗိုလ် ၁ ဦးအပါအဝင် စစ်သား၊ ပျူ ၂၄ ဦးသေဆုံးပြီး ၊လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇွန်လ ၃၀   စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊...