Magway News

Magway News

ငဖဲမြို့နယ်တွင် အမ်းမြို့နယ်ဘက်ကို စစ်ကူသွားရောက်မည့် စစ်တပ်ယာဉ်တန်းအား တိုက်ခိုက်မှု စစ် သား ၁၄ ဦး သေဆုံး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂၂

 

မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် အမ်းမြို့နယ်ဘက်သို့ စစ်ကူသွားရောက်မည့် အကြမ်းဖက် စစ်တပ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၄ ဦး သေဆုံးကြောင်း အရှိုချင်းကာကွယ်ရေး တပ်(ACDF) ထံမှ သိရသည်။

 

ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်း ၈ နာရီ ၄၈မိနစ်အချိန် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စပ်စီကျေးရွာ အ နီး ဝက်စကျင်းလမ်းဆုံ၌ အမ်းမြို့သို့ စစ်ကူသွားရန် ထွက်လာသည့် ဗိုလ်ကြီး တစ်ဦးအပါအဝင် ၃၂ ဦး ပါ စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၄ ဦး သေဆုံးခဲ့ပြီး ဗိုလ်ကြီးတစ်ဦးအပါအဝင် အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ် ရန်အောင်မြေဘုရားကုန်း တပ်စခန်းမှ လက်နက် ကြီး ၆၀ မမ ပစ်ကူပေးခဲ့သည့် အပြင် စပ်စီဘုန်းကြီးကျောင်းတွင် တပ်စွဲနေ‌သော စစ်တပ်နှင့် က.ပ.စ ၁၀ မှလည်း စစ်ကူစစ်ကား ၄ စီး ထွက်လာကာ နှစ်ဖက်ညှပ်ကာ စစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း သိရ သည်။

 

ထိုသို့ စစ်ကူအများအပြားရောက်ရှိလာမှုကြောင့် လက်နက်နှင့် စစ်ကောင်စီတပ်သား အလောင်းများ ရှင်းလင်းမှု မလုပ်နိုင်ပဲ ပြ်နလည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို အရှိုချင်းကာကွယ် ရေးတပ် (ACDF) မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေဖြူမြို့နယ်၊ မောရဝတီရေတပ်မှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု ဗိုလ် တစ်ဦး အပါအဝင် စစ်သား ၂ ဦးထက်နည်း သေဆုံး

ရေဖြူမြို့နယ်၊ မောရဝတီရေတပ်မှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု ဗိုလ် တစ်ဦး အပါအဝင် စစ်သား ၂ ဦးထက်နည်း သေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ မောရဝတီရေတပ်မှ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ ဦးအပါအဝင် စစ်သား ၂ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း ဒေါနတပ်ခွဲ ၆ - ရေဖြူတောင်ပိုင်း ဝေဟင်တပ်ဖွဲ့ထံမှ သိရသည်။ ဩဂုတ်လ...