NUG News

NUG News

စစ်အာဏာရှင်စနစ်ကို တောင်တန်း၊ မြေပြန့် အတူလက်တွဲပြီး အမြစ်ပြတ် တိုက်ထုတ်ရန် အရေးတကြီး လိုအပ်လျက်ရှိဟု NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြောဆို

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂၂

 

စစ်အာဏာရှင်စနစ်ကို တောင်တန်း၊ မြေပြန့်သားများ အတူလက်တွဲ အမြစ်ပြတ် တိုက်ထုတ်ရန် အရေးတကြီး လိုအပ်လျက်ရှိကြောင်း NUG အစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌနာက ပြောဆိုလိုက် သည်။

 

ယမန်နေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ကျရောက်သည့် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) တည်ထောင်ခြင်း ၃၆ နှစ်ပြည်သို့ ပေးပို့သည့် သဝဏ်လွှာတွင် NUG အစိုးရက ထည့်သွင်းပြောဆို ထားဖြစ်သည်။

 

တနိုင်ငံလုံး အတိုင်းအတာ ထာဝရငြိမ်းချမ်းရေး ရရှိပြီး ဖွံဖြိုးတိုးတက်မှု၊ အေးချမ်းတည်ငြိမ်မှု ရေရှည် တည် တန့်အောင် ထိန်းသိမ်းရေးမှာ စစ်အာဏာရှင်စနစ်ကို တောင်တန်း၊ မြေပြန့်သားများ အတူ လက်တွဲ အမြစ်ပြတ် တိုက်ထုတ်ရန် အရေးတကြီး လိုအပ်လျက်ရှိကြောင်း အသိပေးထားသည်။

ဝပြည်သွေးစည်းညီညွတ်ရေးပါတီသည် အခက်အခဲ၊ စိန်ခေါ်မှုများစွာကို နှစ်ပေါင်းများစွာ ကျော်ဖြတ် ခဲ့ရပြီး ယနေ့ခေတ်တွင် အောင်မြင်မှုအသီးအပွင့်များ ရရှိလျက် ရှိကာ ပြည်ထောင်စုတွင်းရှိ ကျန်လူ မျိုးများ အားကျရသည့် စံပြပြည်နယ်တစ်ခု လက်တွေ့ထူထောင်နိုင်ရန် ကြိုးပမ်းနေသည်ကို တွေ့ရှိရ သည်ဟု ဆိုသည်။

 

ဝပြည်သွေးစည်းညီညွတ်ရေးပါတီ နှင့်ဝလူမျိုးတို့သည်လည်းခက်ခဲကြမ်းတမ်းသည့်အတိတ် သမိုင်း ကြောင်းကို ဖြတ်သန်းခဲ့ရသလို ယနေ့ကာလတွင် မြန်မာနိုင်ငံ၏တခြားသောနေရာ ဒေသများ၌ လူ မျိုးစု အသီးသီးသည် စစ်အာဏာရှင်စနစ်၏ အကြမ်းဖက်ဖိနှိပ်မှုများကို ရင်ဆိုင်နေရကြောင်း NUG အစိုးရက ထည့်သွင်းပြောကြားသည်။

 

ဝ ပြည်အတွင်း နေထိုင်လျက်ရှိသည့် ဝ လူမျိုးများ အပါအဝင် လူမျိုးပေါင်းစုံ၏ အေးချမ်းသာယာမှု၊ ဖွံ့ဖြိုးတိုးတက်မှုကို လက်တွေ့ဖော်ဆောင်လျက်ရှိသည့် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ ထူထောင် ခြင်း ၃၆ နှစ်ပြည့်သို့ သဝဏ်လွှာပေးပို့ရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းလာစေရေး၊ စစ်အာဏာရှင်စနစ်ပြုတ်ကျရေး အတွက် အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ၊ ဝလူမျိုး တို့ နှင့်အတူ လက်တွဲကြိုးပမ်းအားထုတ်သွားမည် ဖြစ်ကြောင်း သဝဏ်လွှာတွင်ရေးသားထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
NCA စာချုပ် စက္ကူစုတ်ဖြစ်သွားရသည့် တရားခံသည် စစ်တပ်ဖြစ်ပြီး စစ်တပ်က ပြုလုပ်မည့် NCA ၁၀ နှစ်ပြည့်အခမ်းအနားသို့ အာစီယံ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာသံတမန်များ မတက်ရောက်ရန် တိုက်တွန်း

NCA စာချုပ် စက္ကူစုတ်ဖြစ်သွားရသည့် တရားခံသည် စစ်တပ်ဖြစ်ပြီး စစ်တပ်က ပြုလုပ်မည့် NCA ၁၀ နှစ်ပြည့်အခမ်းအနားသို့ အာစီယံ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာသံတမန်များ မတက်ရောက်ရန် တိုက်တွန်း

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၃ NCA စာချုပ် စက္ကူစုတ်ဖြစ်သွားရသည့် တရားခံသည် စစ်တပ်ဖြစ်ပြီး စစ်တပ်က ပြုလုပ်မည့် NCA စာချုပ် ၁၀ နှစ်ပြည့် အခမ်းအနားသို့ အာစီယံ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာသံတမန်များ မတက် ရောက်ရန် တိုက်တွန်း NCA စာချုပ်လက်မှတ်ထိုးခဲ့သည့် အဖွဲ့ ၆...