Rakhine News

Rakhine News

ဘူးသီးတောင်မြို့မှာ မီးလောင်မှုဖြစ်ပြီး နေအိမ် ၂၆ လုံးပြာကျ

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂၁

 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ အမှတ် ၄ ရပ်ကွက်မှာ မီးလောင်မှုဖြစ်ပြီး နေအိမ် ၂၆ လုံး ပြာကျခဲ့ တယ်လို့ အာရက္ခတပ်တော် -AA က သတင်းထုတ်ပြန်ထားပါတယ်။

 

မနေ့က (ဒီဇင်ဘာလ ၂၀ ရက်) ညနေ ၄ နာရီ ၂၇ မိနစ်က ဘူးသီးတောင်မြို့၊ အမှတ် ၄ ရပ်ကွက်ရှိ အာလီဂျူဟရဲ့ နေအိမ်ကနေ မီးစတင်လောင်ကျွမ်းခဲ့ကာ အနီးအနားနေအိမ်တွေကို ကူးစက်သွားကာ အမှတ် ၄ ရပ်ကွက်အတွင်းမှာရှိတဲ့ နေအိမ် ၂၆ လုံးပြာကျခဲ့တာဖြစ်ပါတယ်။

ပြာကျသွားတဲ့နေအိမ်တွေကတော့ အာလီဂျူဟ ရဲ့ နေအိမ်၊ လာလာမော်ဒီလ် ရဲ့ နေအိမ်၊ အီနုစ် ရဲ့ နေအိမ်၊ အဒူရှော်ရှိ ရဲ့ နေအိမ်၊ ဒေါ်လူ ရဲ့ နေအိမ်၊ ဆော်လိုမာနီ ရဲ့ နေအိမ်၊ အီနုစ် ရဲ့ နေအိမ်၊ ကာဘူ ရဲ့ နေအိမ်၊ ဆိုက်ထူရော်မန် ရဲ့ နေအိမ် ၊ ရော်ဖိတ် ရဲ့ နေအိမ်၊ ရော်မန် ရဲ့ နေအိမ်၊ အဒူလာဇီရဲ့ နေ အိမ်၊ ဖိရုစ် ရဲ့ နေအိမ်၊ အဒူလ္လာ ရဲ့ နေအိမ်၊ တာကေရ် ရဲ့ နေအိမ်၊ မစောခင် ရဲ့ နေအိမ်၊ ဆော်လိမ် ရဲ့ နေအိမ်၊ ဆွေတာမိန် ရဲ့ နေအိမ်၊ ဆုလ်တန် ရဲ့ နေအိမ်၊ ဆော်ဒူဇာဟာဆောင်း ရဲ့ နေအိမ်၊ မာမောက် ရဲ့ နေအိမ်၊ အဘူနော်ဆောင်း ရဲ့ နေအိမ်၊ အာဘူဖွေယော့ ရဲ့ သား ဇူဟာရ်ရူး ရဲ့ နေအိမ်၊ မလှစိန် ရဲ့ နေအိမ် ဟာဘီရော်မာန်ရဲ့ နေအိမ် နဲ့ အမည် (စုံစမ်းဆဲ)  နေအိမ်တွေဖြစ်တယ်လို့ အာရက္ခတပ်တော် က ထုတ်ပြန်ထားတာပါ။

 

အဲဒီမီးလောင်မှုကို ရက္ခိုင်အမျိုးသားအဖွဲချုပ်/အာရက္ခတပ်တော် (ULA/AA) တပ်ဖွဲ့ဝင်တွေ၊ ဒေသခံ ပြည်သူ လူထုတွေ ပူးပေါင်းကာ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့တာကြောင့် ညနေ ၆ နာရီလောက်မှ မီးငြှိမ်း သွားတယ်လို့ သိရပါတယ်။

 

၎မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်လို့ ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့ကနေ စုံစမ်းစစ်ဆေးလျက်ရှိ ကာ နောက်ဆက်တွဲသတင်းရရှိပါက ထပ်မံအသိပေးထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
TNLA News

TNLA News

မိုးကုတ်မြို့ပေါ်တွင် ဓားပြတိုက်နေသည့်အဖွဲ့ကို တအာင်းပြည်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရာ ရဲတပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးပြီး ဓားပြ ၂ ဦးလည်း သေဆုံး   သံလွင်မြန်မာသတင်း ဇွန်လ ၂၇   မန္တလေးတိုင်း၊ PSLF/TNLA ထိန်းချုပ်မြိုန့ယ်၊ မိုးကုတ်မြို့ပေါ်တွင် ဓားပြတိုက်နေသည့် အဖွဲ့ကို တအာင်းပြည်ရဲတပ်ဖွဲ့က ဖမ်းဆီးရာ ရဲတပ်သား...