Magway News

Magway News

မြိုင်မြို့နယ်၊ ကန်နီပျူရွာကနေ ထွက်လာတဲ့ စစ်ကောင်စီ တပ်သားတွေကို တိုက်ခိုက်မှု ၁ ဦး သေ ဆုံး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂၁

 

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီပျူရွာကနေ ထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေ ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ MPL မြောက် ပိုင်းဇုန် (မြိုင်-ပကဖ) က ထုတ်ပြန်ထားပါတယ်။

 

ဒီဇင်ဘာလ ၂၀ ရက် မွန်းလွဲပိုင်းက မြိုင်မြို့နယ်၊ ကန်နီပျူရွာကနေ မြောက်ဘက်ကို မြေပဲဖော်ဖို့ ထွက်လာတဲ့ အကြမ်းဖက် စစ်သား၊ ပျူတွေကို တော်လှန်ရေး တပ်ဖွဲ့တွေက လက်နက်ငယ်တွေ၊ RC Plane တွေ ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီတပ်သားတွေက ကျေးရွာအတွင်း ပြန်ပြေးဝင်သွးတယ်လို့ ဆိုပါတယ်။

 

အဲဒီစစ်ဆင်ရေးကို ကို MPL မြောက်ပိုင်းဇုန် (မြိုင်-ပကဖ) ၊ ကိုဂတုံးအဖွဲ့ (မြိုင်-ပကဖ)၊ မြိုင်မြို့နယ် ပကဖ တပ်ရင်း ၁ တပ်ခွဲ၁၊ ဗမာ့ဒေါင်း (မြိုင်-ပကဖ)၊ Eagle Brigade Drone Force နဲ့ မန်ကျည်းရိပ် ကိုငရဲ အဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာပါ။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဖားကန့်မြို့နယ်၊ မလန်းရွာအနီးတဝိုက်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က အထိနာနေသဖြင့် လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်

ဖားကန့်မြို့နယ်၊ မလန်းရွာအနီးတဝိုက်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က အထိနာနေသဖြင့် လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၂ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မလန်းကျေးရွာအနီးတဝိုက်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က အထိနာနေသဖြင့် လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်ထံက သိရ သည်။ အောက်တိုဘာလ ၁၁ ရက်နံနက်ပိုင်းက ဖားကန့်မြို့နယ်၊ မလန်းကျေးရွာဘက်သို့ လုံးခင်း၊ ယမ်း ချက်ဘက်မှ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့်...