Sagaing News

Sagaing News

မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းဘေးရှိ အဆောက်အအုံတစ်လုံးအတွင်း ကင်းယူနေသော စစ်သား များ ကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂၁

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ – မန္တလေးလမ်းမဘေးရှိ အဆောက်အအုံတစ်လုံးအတွင်း ကာကင်း ယူနေသော အကြမ်းဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း မုံရွာ မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ထံမှ သိရသည်။

 

ဒီဇင်ဘာလ ၁၇ ရက်နေ့က မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမဘေးရှိ အဆောက်အအုံတစ်လုံး အ တွင်း ကားယူနေသော တောပုကျေးရွာမှ အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို ကြိုတင်ပြင်ဆင် ထား သည့် ရှေ့ထွက်မိုင်း ၂ လုံး၊ ရှေ့တန်းမိုင်း ၁ လုံးတို့ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးပွဲချင်း ပြီး သေဆုံးပြီး ၇ ဦးအပြင်းအထန် ဒဏ်ရာ ရရျိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက် ရေး တပ်ဖွဲ့ (CHUPDF) ၊ Monywa Special ဒိတ်ဒိတ်ကြဲ LPDF နှင့် Special Force 11 LPDF တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ယင်းစစ်ဆင်ရေးအတွင်း အကြမ်းဖက်စစ်သားများ၏ Jammer နှင့် အခြားအခက်အခဲများကြောင့် မိုင်းပွိင့်များ ဆက်လက်စစ်ရေးရန် ခက်ခဲခဲ့ပြီး အကြမ်းဖက်စစ်သား၊ ရဲ၊ ပြည်သူ့စစ်၊ ပျူစောထီးများကို ရရာနည်းလမ်းများဖြင့် ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ဖြူးမြို့နယ်တရားရုံးရှေ့၊ ဇေယျဝတီမြို့ရဲစခန်း၊ ဘူတာရုံတို့အပါအဝင် နေရာ ၆ ခုကို စီးနင်းတိုက် ခိုက်မှု စစ်သား ၄ ဦး သေဆုံးပြီး လက်နက် ၁ လက် သိမ်းဆည်းရရှိ (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇွန်လ ၂၆   ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တရားရုံးရှေ့၊...