Mandalay News

Mandalay News

မတ္တရာမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာရှိ စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၂ ဦး အရှင် ဖမ်းမိပြီး လက်နက် ၅ လက်သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂၁

 

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာ၌ တပ်စွဲထားသောအကြမ်းဖက်စစ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး အရှင်ဖမ်းမိပြီး လက်နက် ၅ လက်သိမ်းဆည်းရရှိခဲ့ကြောင်း မန္တလေး PDF တပ်ဖွဲ့က ထုတ်ပြန်သည်။

 

ဒီဇင်ဘာလ ၁၉ ရက် နံနက် ၉ နာရီခန့်က မတ္တရာမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာ၌ ဝင် ရောက်တပ်စွဲ ထားသော အကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦးအရှင်ဖမ်းမိပြီး လက်နက် ၅ လက်နှင့်ခဲယမ်း များ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အလားတူ မတ္တရာမြို့နယ်အတွင်းရှိ အခြားသော အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း သိရသည်။

 

ထို့အပြင် သပိတ်ကျင်းမြို့နယ် နှင့် နောင်ချိုမြို့နယ်တို့တွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် အကြမ်းဖက် စစ်ကောင်စီအကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်မတော် (မန္တလေး) စစ်ဦးစီးအဖွဲ့က ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စလင်းမြို့နယ်၊ လင်းဇင်းရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား၊ ရဲ ထိခိုသေဆုံးမှုများပြားပြီး လေကြောင်း ပစ်ကူကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးခဲ့သဖြင့် ပြန်ဆုတ်ခဲ့ရ

စလင်းမြို့နယ်၊ လင်းဇင်းရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား၊ ရဲ ထိခိုသေဆုံးမှုများပြားပြီး လေကြောင်း ပစ်ကူကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးခဲ့သဖြင့် ပြန်ဆုတ်ခဲ့ရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၁ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ လင်းဇင်းရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၊ ရဲ ထိခိုက် သေဆုံးမှုများပြားပြီး လေကြောင်းပစ်ကူကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ သဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရခြင်းဖြစ်ကြောင်း မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းထံမှ သိရသည်။ အောက်တိုဘာလ ၈ ရက်နေ့...