CDM News

CDM News

တီးတိန်မြို့မှ စစ်ကောင်စီတပ်သား ၄ ဦး အလင်းဝင်၊ လက်နက်ခဲယမ်းယူဆောင်လာနိုင်သည့် တပ် သား ၁ ဦးကို ငွေကျပ်သိန်း ၁၀၀ ချီးမြှင့်

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂၁

 

ချင်းပြည်နယ်၊ တီးတိန်မြို့တွင်းမှ စစ်ကောင်စီတပ်သား ၄ ဦးအလင်းဝင်ရောက်လာပြီး လက်နက် ခဲ ယမ်းယူဆောင်လာနိုင်သည့် တပ်သား ၁ ဦးကို ငွေကျပ်သိန်း ၁၀၀ ချီးမြှင့်သွားမည်ဖြစ်ကြောင်း CDF CDM SIYIN ထံမှ သိရသည်။

 

ဒီဇင်ဘာလ ၁၇ ရက်နေ့က တီးတိန်မြို့တွင်း၌ တာဝန်ထမ်းဆောင်နေသော ခလရ ၂၆၈ တပ်ရင်းမှ တပ်သား စစ်ပိုင်ဖြိုး ၊ မြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသော တပ်သား အောင်ပြည့်ဖြိုး၊ ဒါးလ်ဒုံးလျန်နှင့် ခလရ ၂၆၉ တပ်ရင်းမှ တပ်သား ရာဇာထက်တို့သည် CDF CDM SIYIN ထံသို့ဆက် သွယ်၍ လက်နက် ၁ လက်နှင့် ခဲယမ်းတချို့ယူဆောင်ကာ အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တစ်ယောက်ကတော့ ၁၇ ရက်နေ့မှာ မြို့ထဲအထိ သွားခေါ်တာ၊ ကျန်တဲ့ ၃ ယောက်က ကျနော်တို့ ဆီ ရောက်နေတာ ၃ လ လောက်ကြပြီ။ အဲဒီ ၃ ယောက်ကနေဆက်သွယ်ပြီး နောက်တစ်က အလင်း ဝင်လာတာ။ နောက်ဆုံးတစ်ယောက်က လက်နက်ပါလာတယ်။ အခုကျနော်တို့ စခန်းမှာပဲထားပါ တယ်။ ရာဇာထက်၊ အောင်ပြည့်ဖြိုးရယ်၊ ဒါးလ်ဒုံးလျန်ရယ် သူတို့က လက်နက်တော့မပါလာဘူးပေါ့၊ သူတို့ကအခွင့်အရေးမရလို့ပါ။ အခု နောက်ဆုံးက ရာဇာထက်တို့နဲ့အဆက်သွယ်လုပ်ခိုင်းပြီးမြို့ထဲ အထိဝင်ပြီးမှ သွားခေါ်တာဖြစ်ပါတယ်။ လက်နက်ယူဆောင်လာရတော့ သိန်း ၁၀၀ ချီးမြှင့်ပါတယ်။ အခုလည်း ဆက်ပြီးတော့ ဆက်သွယ်ခိုင်းထားတယ်၊ အဲဒီလိုမျိုးလုပ်ချင်တဲ့သူတွေနောက်ထပ်လုပ် ချင်သူတွေလည်းရှိတယ်။ အဲဒီမှာနေလည်းနောက်ဆုံးကျရင် ကျနော်တို့နဲ့တွေ့ရမှာပဲလေ။ သူတို့ လည်း တပ်ထဲမှာမပျော်ဘူးလို့ပြောပါတယ်။ အဆက်အသွယ်မရှိလို့ မထွက်နိုင်တဲ့ဟာတွေ လည်းရှိ သလို တစ်ချို့ဟာတွေကျတော့ မိသားစုဝင်တွေ တပ်ထဲမှာဆိုတော့ မထွက်နိုင်တာတွေရှိ တယ်။ ကျနော်တို့နဲ့ဆက်သွယ်လို့ တပ်ထဲကနေထွက်နိုင်ပြီဆိုရင်ဘယ်နေရာပဲဖြစ်ဖြစ်၊ မြို့ထဲဖြစ်ဖြစ် သူတို့ ရောက်နေတဲ့နေရာအထိသွားကြိုပေးမှာပါ။” ဟု CDF CDM SIYIN စစ်ဦးစီးချုပ် ထောင်းပူ က ပြော ကြားသည်။

 

လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်ရောက်လာသော စစ်ကောင်စီတပ်သားကို ငွေကျပ် သိန်း ၁၀၀ ချီးမြှင့်သွားမည်ဖြစ်ပြီး စစ်ကောင်စီတပ်အတွင်းမှ အလင်းဝင်ရောက်လိုသော တပ်သားများအနေဖြင့် ဆက်သွယ်နိုင်ကြောင်း၊ မြို့တွင်းပဲဖြစ်ဖြစ် မည်သည့်နေရာပဲဖြစ်ဖြစ် သွားရောက်ကြိုဆိုပေးမည်ဖြစ် ပြီး သွားလိုသည့်နေရာ၊ လုပ်လိုသည့် အလုပ်အကိုင်ကိုလည်း စိတ်တိုင်းကျစီမံဆောင်ရွက်ပေး မည်ဖြစ်ကာ ကောင်းကောင်းမွန်မွန်စောင့်ရှောက်ထား ပေးမည်ဖြစ်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

ပခုက္ကူ - မြိုင်လမ်းတွင် စစ်တပ်က လေကြောင်းပစ်ကူယူ၍ အင်အား ထောင်ချီဖြင့် စစ်ကြောင်းထိုး၊ ပြည်သူများထောင်ချီ ထွက်ပြေးနေရပြီး ဘုန်းကြီးကျောင်း လေယာဉ်ဖြင့် ဗုံးကျဲခံရ   သံလွင်မြန်မာသတင်း ဇွန်လ ၂၅     မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ -မြိုင်လမ်းပိုင်းတွင် စစ်တပ်က လေကြောင်းပစ်ကူယူ၍...