Poem

Poem

ကဗျာကဏ္ဍ “အနိုင်ကျင့်က စွန့်ခွါကြ”

 

ပျိုးကြဲလက်

 

တပ်ရိက္ခာ လျှော့ပါးက

ပျော့သွားမယ့် ရဲဘော်

မော့ထားတဲ့ ဦးခေါင်းနော်ကွယ်

ဗောင်းတော်ရယ် မြေလူး ။

 

ပြေးကြကွယ် ညီမယ်ဆိုရင်

လီဆယ်ပို ကြံဟဲ့အထူး ။

 

အနိုင်ထက် ရှိလာလျှင်

ဘေးကြည့်က ဘက်ကူး ။

 

သောက်စားကာ နင်မူးက

ဘုရင်ရူး ဝမ်းသာ ။

 

ရှေ့တန်းမှာ ကျဆုံးမှ

ထဗုန်းကြ မင်းတို့လစာ ။

 

သင်းတို့က ရန်ရှာမယ်

ပြည်အာဏာ ဖော်ပြလို့

အပေါ်က ဆက်ဆံလို

နှိပ်စက်လို့ပို ။

 

ပြေးကြကွယ့် နေညိုညိုလျှင်

အလံဆိုဖြူနိုင်ငဲ့လေး ။   ။

 

ပျိူးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ ၁၈ ရက် ည ၉ နာရီ ၃ မိနစ်

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Poem

Poem

ကဗျာကဏ္ဍ “မွေးနေ့ဆုမွန်”   ပျိုးကြဲလက်   ပြည့်မိခင် ရွှေနန်းနဲ့ သရေလျှမ်း ခက်ဝေ အနေကြမ်းခိုက် ရတက်ပွေတယ် မျက်မပြေ နိုင်ဘူး ။   တရားနဲ့ သွေဖီကာကွယ် ပွေလီစွာ စွဲတဲ့လူရူး ။   သက်တော်က ရှစ်ဆယ်မယ် ပြစ်ဆိုဖွယ် ရှိဦး...