Laung Lone News

Laung Lone News

လောင်းလုံးမြို့နယ်၊ မောင်းမကန်ရဲစခန်းကို ရိက္ခာလာပို့သည့် စစ်ယာဉ်တန်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

 

D Day News

ဧပြီလ ၁၄

 

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ရဲစခန်းကို ရိက္ခာလာပို့သည့် အကြမ်းဖက် စစ် ယာဉ်တန်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ဧပြီလ ၁၂ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် လောင်းလုံးမြို့နယ်၊ မောင်းမကန်ရဲစခန်းကို ရိက္ခာပို့ပြီး ပြန်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ကား ၃ စီးကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ရှိ ဇုန်အသီးသီး ရဲဘော်များ ပူးပေါင်းပြီး မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသည့် ဒုတိယ မြောက် ကား ၁ စီး ထိမှန်ခဲ့ပြီး မိနစ်အနည်းငယ်မျှ အပြန်လှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်သား ၃ ဦး သေဆုံးခဲ့ပြီး သေဆုံးသွားသော စစ်သား အလောင်းများကို တောရှည်ရွာ၌ ထားရစ်ကာ ဒဏ်ရာရရှိခဲ့သော စစ်သားများကို ထားဝယ် မြို့ကို ဆက်လက် သယ်ဆောင်သွားကြောင်း သိရသည်။

 

ယနေ့ ဧပြီလ ၁၄ ရက်နေ့တွင် တောရှည်ရွာ၌ ချန်ထားခဲ့သည့် သေဆုံးသွားသော စစ်သား အလောင်းများကို တောရှည်ရွာ သင်္ချိုင်း၌ မြှုပ်နှံလိုက်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ အများပြည်သူအသုံးပြုရာလမ်းပေါ်တွင် စစ်တပ်က မိုင်းထောင်ထားမှုကြောင့် ပြည်သူတစ်ဦး မိုင်းနင်းမိကာ ခြေကျင်းဝတ် ပြတ်ကာ ပြင်းထန် ဒဏ်ရာရ   သံလွင်မြန်မာသတင်း မေလ ၂၇   ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်ဝှမ်းတလျှောက်ရှိကျေးရွာများတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများက အများပြည်သူအသုံးပြုရာလမ်းများပေါ်တွင်နင်းမိုင်းများထောင်ထားမှု ကြောင့် ပြည်သူ့တစ်ဦး ခြေကျင်းဝတ်ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း...