Sagaing News

Sagaing News

ဆားလင်းကြီးမြို့မရဲစခန်းနှင့် အထွထွေအုပ်ချုပ်ရေးမှူးရုံးကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက် ခိုက်မှု ထိခိုက်သေဆုံးမှုရှိ

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂၀

 

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်ရှိ မြို့မရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိ ကြောင်း Monywa Inventor အဖွဲ့ ထံမှ သိရသည်။

 

ယမန်နေ့ ဒီဇင်ဘာလ ၁၉ ရက် နံနက် ၉ နာရီခန့်က ဆားလင်းကြီးမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ လက်အေက်ခံ မြို့မရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတို့၌ တပ်စွဲထားသော အကြမ်းဖက် စစ် သားများကို ၆၀ မမ၊ ၆၀ မမ၊ ၈၀ မမ လက်နက်ကြီး အလုံး ၄၀ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် လက်နက်ငယ်များဖြင့်လည်း အနီးကပ်အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ ကြောင်း သိရ သည်။

“လက်နက်ကြီးအလုံးပေါင်း ၄၀ ပစ်ခဲ့တာပါ။ လက်နက်ငယ်တွေနဲ့လည်းအပြန်အလှန် ပစ်ခတ် တိုက်ပွဲဖြစ်ပါတယ်။ သူတို့ဘက်ကလည်း ဒရုန်းတွေနဲ့ အဖူးတွေချတယ်၊ လက်နက်ငယ်တွေနဲ့ လည်း ပြန်ပစ်တာရှိတယ်။ စခအသေအပျောက်အထိအခိုက်များတယ်။ အရေအတွက်အတိအကျ မသိရ သေးဘူး” ဟု Monywa Inventor အဖွဲ့တိုက်ခိုက်ရေးခေါင်းဆောင် မိုးသောက်က ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Monywa Inventor အဖွဲ့နှင့် မဟာမိတ်ညီနောင်များဖြစ်သော Tripple Two ၊ ချင်းတွင်း ဒိုင်းနမိုက်အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ်ရှိ သံလွင်မြန်မာဆီဆိုင်၌ ကင်းယူနေသော စစ်သားများ ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ်ရှိ သံလွင်မြန်မာဆီဆိုင်၌ ကင်းယူနေသော စစ်သားများ ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၀ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ်ရှိ သံလွင်မြန်မာဆီဆိုင်၌ ကင်းယူနေ သော စစ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF ထံမှသ...