Magway News

Magway News

ပခုက္ကူမြို့အခြေစိုက် ခလရ ၂၅၂ တပ်ရင်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး PDF တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၁၉

 

မကွေးတိုင်း၊ ပခုက္ကူမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၂၅၂ တပ်ရင်းကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Burma Revolution Rangers တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဒီဇင်ဘာလ ၁၈ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၃၀ အချိန်က ပခုက္ကူမြို့အခြေစိုက် ခလရ ၂၅၂ တပ်ရင်းဂိတ်နှင့် တပ်ရင်းအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်တိုက် ခိုက်ခဲ့ရာ တပ်ကြပ် ၁ ဦး နှင့်တပ်သား ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“တပ်ရင်းဂိတ်ပေါက်မှာ ၂ ဦးပဲ ကင်းစောင့်နေတာရှိတယ်။ တပ်ကြပ်တစ်ဦးကတော့ မျက်မြင်ရှေ့မှာ တင် လဲကျသေတာတွေ့တယ်၊ တိုက်ပွဲချိန်က ၅ မိနစ်လောက်ပဲ ကြာခဲ့တာ၊ တပ်စိပ်တစ်စိပ်က ၂၅၂ တပ်ထဲကို ၆၀ မမနဲ့ပစ်ခတ်တာကတစ်ဦးသေတယ်။ ဂိတ်ပေါက်ဝမှာ အပြန်အလှန်ပစ်ခတ်ရင်း ကျ နော်တို့ဘက်ကလည်း ရဲဘော်တစ်ဦးကျပြီးတော့ တစ်ဦးဒဏ်ရာရတယ်။ မြို့တွင်းမစ်ရှင်ဖြစ်တာ ရော၊ ပြီးတော့ အထိုင်တပ်ရင်း ဖြစ်တာရောဆိုတော့အချိန်သိပ်မရခဲ့ဘူး။ တိုက်တဲ့တပ်ရင်းက စစ် ကူတော့ထွက်မလာဘူး။ ဒါပေမယ့် တခြားတပ်ရင်းတွေတပ်ကူတွေရော၊ ပြီးတော့မြို့အနီးအနားမှာရှိ တဲ့ ပျူရွာတွေက တပ်ကူတွေရော ထွက်လာတာ။” ဟု Burma Revolution Rangers တပ်ဖွဲ့တာ ဝန်ခံ ဗိုလ်ကာတွန်းက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲ ၁ တပ်စိပ် ၁ Burma Revolution Rangers တပ်ဖွဲ့ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်တစ်ဦး ကျဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မော်လိုက်မြိုနယ်တွင် “သိန်းငှက်စစ်ဆင်ရေး” ကာလအတွင်း စစ်တပ်စခန်း ၆ ခုကို သိမ်းပိုက်ရရှိ

မော်လိုက်မြိုနယ်တွင် “သိန်းငှက်စစ်ဆင်ရေး” ကာလအတွင်း စစ်တပ်စခန်း ၆ ခုကို သိမ်းပိုက်ရရှိ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၉ စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်တွင် “သိန်းငှက်စစ်ဆင်ရေး” ကာလအတွင်း စစ်တပ်စခန်း ၆ ခုကို သိမ်းပိုက်ရရှိခဲ့ကြောင်း မော်လိုက်တော်လှန်ရေးအင်အားစုထံမှ သိရသည်။ ဩဂုတ်လနှင့် စက်တင်ဘာလအတွင်း မော်လိုက်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ် စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး “သိန်းငှက် စစ်ဆင်ရေး” အဖြစ် ဖော်ဆောင်ခဲ့ရာ ထော်သာရွာ...