Magway News

Magway News

ခုက္ကူမြို့ တပ်မ ၁၀၁ ၊ ခလရ ၂၅၁ နှင့် ၂၅၂ တပ်ရင်းတို့ကို ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရ (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၁၉

 

မကွေးတိုင်း၊ ပခုက္ကူမြို့၊ တပ်မ ၁၀၁ ၊ ခလရ ၂၅၁ တပ်ရင်းနှင့် ၂၅၂ တပ်ရင်းတို့ကို ရှော့တိုက်ဒုံးများ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း Cobra One တပ်ဖွဲ့က ထုတ်ပြန်သည်။

 

ဒီဇင်ဘာလ ၁၇ ရက် နံနက် ၁၀ နာရီခန့်က ပခုက္ကူမြို့အခြေစိုက် အကြမ်းဖက်စစ် ကောင်စီ၏ တပ်မ ၁၀၁ ၊ ခလရ- ၂၅၁ နှင့် ခလရ- ၂၅၂ တပ်တို့အတွင်းသို့ တာဝေးပစ်ရော့ကတ် ဒုံးကျည် ၈ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်အတွင်းရှိ ဘန်ကာ၊ လိုင်းခန်းများကို ထိမှန် ပေါက်ကွဲခဲ့ပြီး ခလရ ၂၅၂ တပ်ရင်းမှ အကြမ်းဖက်စစ်သား ၁ ဦး သေဆုံးကာ အများအပြား ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်နိုင်ရန် မလေးရှားနိုင်ငံ-နွေဦးလူငယ်အဖွဲ့က ငွေကျပ်-၉ သိန်း ၃ သောင်းကျပ် လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Burma Revolution Rangersတပ်ဖွဲ့၊ TaTy Pakokku pdfတပ်ဖွဲ့ ၊ BA NYEIN GUERRILLA Force တပ်ဖွဲ့နှင့် COBRA ONE Pakokku တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မုံရွာမြို့ နမခမှထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄၀ ကျော်သေဆုံးပြီး ၁ ဦး အရှင် မိ (ရုပ်သံ)

မုံရွာမြို့ နမခမှထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄၀ ကျော်သေဆုံးပြီး ၁ ဦး အရှင် မိ (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၅ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်-နမခမှ စစ်တပ် စစ်ကြောင်းကို တိုက် ခိုက်ခဲ့ရာ စစ်သား ၄၀ ဦးထက်မနည်းသေဆုံးပြီး ၁ ဦး အရှင်ဖမ်းမိခဲ့ကြောင်း ဇေယျာညီနောင်စစ် ကြောင်းမှ တာဝန်ရှိသူတစ်ဦးက သံလွင်မြန်မာသတင်းဌာနထံသို့ ပြောကြားသည်။ ဩဂုတ်လ ၁၀ ရက်နေ့က မုံရွာမြို့အခြေစိုက်...