Sagaing News

Sagaing News

ကနီမြို့နယ်၊ ကျောက်လှေကားကျေးရွာကို စစ်တပ်လေကြောင်းဖြင့် ဗုံးသီး အလုံး ၇၀ ခန့် ထပ်မံ ကြဲချတိုက်ခိုက်မှု နေအိမ် ၁၇ လုံးပျက်စီး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၁၉

 

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်နှင့်မင်းကင်းမြို့နယ်အစပ် ကျောက်လှေကားရွာကို အကြမ်းဖက်စစ် ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးသီး အလုံး ၇၀ ခန့် ထပ်မံကြဲချတိုက်ခိုက်ခဲ့ရာ နေအိမ် ၁၇ လုံးပျက်စီးခဲ့ကြောင်း ကနီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဒီဇင်ဘာလ ၁၈ ရက် ည ၉ နာရီ ၁၀ မိနစ်အချိန်က ကနီမြို့နယ်၊ ကျောက်လှေကားကျေး ရွာကို မကွေးလေတပ်မှ တက်လာသော Y 12 လေယာဉ်ဖြင့် ၇ ကြိမ်၊ ဗုံးသီးအလုံးရေ ၇၀ ခန့်ကြဲချ တိုက်ခိုက်ခဲ့ရာ နေအိမ် ၁၇ လုံးပျက်စီးပြီး နွား ၅ ကောင်သေဆုံးခဲ့ကြောင်း၊ ပြည်သူများမှာ ထွက်ပြေး တိမ်းရှောင်နေသဖြင့် ထိခိုက်မှုမရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက် ည ၈ နာရီခန့်ကလည်း ကနီမြို့နယ်၊ ကျောက်လှေကား ကျေးရွာကို Y 12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ၃ ဦးအပါအဝင် ပြည်သူ ၅ ဦး သေဆုံးပြီး ၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်သည် မည်သည့်တိုက်ပွဲမျှဖြစ်ပွားခြင်းမရှိပဲ ပြည်သူလူထုနေထိုင်ရာ ကျေးရွာများကို အကြောင်းမဲ့ဗုံးကြဲတိုက်ခိုက်နေသောကြောင့် မိဘပြည်သူများအနေဖြင့် မလိုအပ်ပဲ လူစုလူးဝေးမပြုလုပ်ကြရန်၊ ပွဲလမ်းသဘင်များ မကျင်းပဲ သတိဝရိယဖြင့်နေထိုင်ကြရန် ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သံဖြူဇရပ် -ရေး အမြန်လမ်းမပေါ်တွင် စစ်ကောင်စီရွေးကောက်ပွဲအတွက် သင်တန်းတက်ရန် သွား ရောက်သည့် Non CDM ကျောင်းဆရာမ ၄ ဦးကို ထိန်းသိမ်းစစ်ဆေးပြီး ခံဝန်ကတိရေးထိုးကာ မိသား စု ထံပြန်လည်အပ်နှံ

သံဖြူဇရပ် -ရေး အမြန်လမ်းမပေါ်တွင် စစ်ကောင်စီရွေးကောက်ပွဲအတွက် သင်တန်းတက်ရန် သွား ရောက်သည့် Non CDM ကျောင်းဆရာမ ၄ ဦးကို ထိန်းသိမ်းစစ်ဆေးပြီး ခံဝန်ကတိရေးထိုးကာ မိသား စု ထံပြန်လည်အပ်နှံ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၅ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဝဲခမီကျေးရွာအနီး သံဖြူဇရပ် -ရေးလမ်းမပေါ်တွင် စစ်ကောင်စီ၏ ရွေး‌ ကောက်ပွဲအတွက် သင်တန်းတက်ရန် သွားရောက်သည့် Non CDM ကျောင်းဆရာမ ၄ ဦးကို ထိန်း သိမ်းစစ်ဆေးပြီး ခံဝန်ကတိရေးထိုးကာ မိသားစုထံ ပြန်လည်အပ်နှံခဲ့ကြောင်း မွန်ပြည်တော်လှန်ရေး တပ်...