Bago News

Bago News

အုတ်ဖိုမြို့နယ်တွင် ပျူစောထီး ၂ ဦးဖမ်းဆီးခံရပြီး အချုပ်ခန်းဖောက်ထွက်ပြေးစဉ် ပစ်ခတ်ခံရပြီး သေဆုံး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၁၉

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ပျူစောထီး ၂ ဦးကို ဖမ်းဆီးထားရာ အချုပ်ခန်း ဖောက်ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားကြောင်း သာယာဝတီခရိုင်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ တပ်ရင်း ၃၈၀၂ ထံမှ သိရသည်။

 

ဒီဇင်ဘာလ ၃ ရက်နေ့နံနက် ၉ နာရီခန့်က အုတ်ဖိုမြို့နယ်၊ အေးမြသာယာမြို့၊ အမှတ် ၁၀ ရပ်ကွက် နေ ပျူစောထီး အရှည်ကြီး နှင့် ဝေလင်း တိုသည် ဆင်ကူးရွာဘက်မှ ပဲခူးရိုးမထဲသို့ အကြမ်းဖက် စစ် သားများ စစ် ကြောင်းထိုးရန်အတွက် တော်လှန်ရေးတပ်ဖွဲ့များအကြောင်း သတင်းစုံစမ်းရန် ဆိုင် ကယ်စီးလာ​စဥ် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ မှ သွားရောက်ဖမ်းဆီးခဲ့ကြောင်း သိရ သည်။

ထိုသို့ ဖမ်းဆီးပြီးနောက် ၄င်းတို့နှစ်ဦးအား  နောက်တန်းစခန်း၌ စစ်ဆေးမေးမြန်းရန် ထိန်းသိမ်း ထားစဥ် ဒီဇင်ဘာလ ၁၂ ရက် နံနက် ၄ နာရီအချိန်က ကင်းတာဝန်ကျ ရဲဘော်များ အိပ်ပျော်နေချိန် စခန်းမှ ထွက်ပြေးသဖြင့် လိုက်လံရှာဖွေကာ ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံးသွားကြောင်း သိရသည်။

 

သေဆုံးသူ ပျူစောထီး အရှည်ကြီး နှင့် ဝေလင်းတို့သည် အေးမြသာယာမြို့နေ နာမည်ကြီး ပျူခေါင်း ဆောင် ဝဏ္ဏ၏ လက်ရုံးတပည့်များဖြစ်ကြပြီး ပြည်သူများအား အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီး ရိုက်နှက်ခြင်း၊ လူငယ်များအား ပေါ်တာဆွဲဖမ်းဆီးခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းများအား ထောက်လှမ်းကာ အကြမ်းဖက်စစ်တပ်ထံ ပေးပို့ခြင်းတို့ လုပ်ဆောင်နေသူများဖြစ်ကြောင်း သိရ သည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Shan State News

Shan State News

ဆီဆိုင်မြို့နယ် ကျေးရွာအုပ်စု ၂ ခုအတွင်းရှိ ပြည်သူ ၆၀၀၀ ကျော်ကို PNO ပြည်သူ့စစ်များက ကျေးရွာအတွင်းမှ မောင်းထုတ်ပြီး မွေတော်ဘုရားဝန်းအတွင်း၌ ထိန်းချုပ်   သံလွင်မြန်မာသတင်း ဇွန်လ ၉   ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာ အုပ်စု ၂...