Salingyi News

Salingyi News

ဆားလင်းကြီးမြို့ ရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက် ခိုက်မှု စစ်သား ၃ ဦး ဒဏ်ရာရ (ရုပ်သံ)

 

D Day News

ဧပြီလ ၁၄

 

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်ရှိ အကြမ်းဖက်စစ်သားများ အထိုင်ချတပ်စွဲထားရာ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း Royal Tiger Force ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

 

ဧပြီလ ၁၃ ရက် နံနက် ၉ နာရီခန့်က ဆားလင်းကြီးမြို့ပေါ်ရှိအကြမ်းဖက်စစ်သား အင်အား ၂၀၀ ကျော်ဖြင့် အထိုင်ချတပ်စွဲထားသော ရဲစခန်းနှ့င် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတို့ကို သင်္ကြန်အကြို အနေ စစ်ဆင်ရေးအဖြစ် လက်နက်ကြီးများ၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

https://youtu.be/PPkINKKx9d0

“၃ ကောင်ထိတယ်လို့တော့ သတင်းရထားတယ်၊ သေတော့မသေသေးဘူး၊ ခွေးတွေ ထွက်အလာကို လက်နက်ကြီးအဖူးကျတာနဲ့ ကွက်တိဖြစ်သွားတာ၊ အဲဒီမှာ ၃ ကောင်ဒဏ်ရာရတာ။ လက်နက်ကြီး အလုံးရေ ၅၀ လောက်တော့ ထုခဲ့တယ်။ ခွေးတွေဘက်က လက်နက်ကြီးတွေနဲ့ ကောင်တာပြန်ပစ် တာ ကပ်လျက်တွေကျနေလို့ ပြန်ဆုတ်ခဲ့ရတာပါ၊ ကျနော်တို့ရဲဘော်တွေအားလုံးဘေးကင်းပါတယ်” ဟု Royal Tiger Force ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Royal Tiger Force ပြောက်ကျားတပ်ဖွဲ့ နှင့် ယင်းမာပင်ခရိုင်လက်နက်ကြီး တပ်ပေါင်းစုတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများဘက်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ဆက်တိုက် ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး ရဲဘော် များ အားလုံး အထိခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်​ကောင်စီ၏ ရွေးကောက်ပွဲ ထောင်ချောက်ကို စုစည်းညီညွတ်စွာဖြင့် ကျော်လွှားကြရန် NUG တိုက်တွန်း (ရုပ်သံ)

စစ်​ကောင်စီ၏ ရွေးကောက်ပွဲ ထောင်ချောက်ကို စုစည်းညီညွတ်စွာဖြင့် ကျော်လွှားကြရန် NUG တိုက်တွန်း (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၀ အကြမ်းဖက်စစ်ကောင်စီ ရွေးကောက်ပွဲထောင်ချောက်ကို တော်လှန်ရေးအင်အားစုများအနေဖြင့် စုစည်းညီညွတ်စွာ လက်တွဲပြီး ကျော်ကြားပါရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စု ဝန် ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားသည်။ ယနေ့ ဩဂုတ်လ ၂၀ ရက်နေ့တွင် ပုံမှန်ပြုလုပ်နေကြဖြစ်သည့် ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းပြောကြားခြင်းအစီ အစဉ်တွင်...