Sagaing News

Sagaing News

မုံရွာမြို့အဝင် မအူဂိတ်အနီး၌ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး ၅ ဦး အရှင်ဖမ်းမိ

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၁၆

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ် မအူဂိတ်အနီး၌ အကြမ်းဖက်စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၅ ဦးအရှင်ဖမ်းမိခဲ့ကြောင်း မုံရွာမြို့နယ်ပြည်သူ့လုံခြုံ ရေးအဖွဲ့ ပလဖ ထံမှ သိရသည်။

 

ယမန်နေ့ ဒီဇင်ဘာလ ၁၅ ရက် ညနေ ၅ နာရီ ခွဲခန့်က စစ်ကိုင်းမြို့ဘက်မှ မုံရွာမြို့ဘက်သို့ မောင်းနှင် လာသော သံပြားကာကား ၊  ကြေးနီတင်တွဲကား နှင့် Acid Tanker trucks ပါ ၆၉ စီးယာဉ်တန်းကို မုံရွာ – မန္တလေးလမ်းမပေါ် မုံရွာမြို့အဝင် မအူဂိတ်အနီးအရောက် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားများက လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်မှုရှိသဖြင့် အပြန်အလှန်ပစ်ခတ်တိုက်ပွဲ တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိကာ စစ်သား ၅ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။

 

အဆိုပါတိုက်ခိုက်မှုကို မုံရွာမြို့နယ် ပလဖ ၊ မုံရွာမြို့နယ် ပကဖ နှင့် BHA (Local အဖွဲ့) တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာ အနည်းငယ်ရရှိခဲ့ ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနှင့်ဖယ်ခုံမြို့နယ်တို့တွင် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေပြီး စစ်တပ်ဘက်မှ အရာရှိများအပါအဝင် စစ်သားအများအပြားသေဆုံး၊ စစ်တပ်စစ်ကြောင်းမှ စစ်သား ၃ ဦး လက်နက် ခဲယမ်းများနှင့်အတူ အလင်းဝင်

လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနှင့်ဖယ်ခုံမြို့နယ်တို့တွင် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေပြီး စစ်တပ်ဘက်မှ အရာရှိများအပါအဝင် စစ်သားအများအပြားသေဆုံး၊ စစ်တပ်စစ်ကြောင်းမှ စစ်သား ၃ ဦး လက်နက် ခဲယမ်းများနှင့်အတူ အလင်းဝင်

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ ကရင်နီပြည်နယ် ၊လွိုင်ကော် ၊ ဒီးမော့ဆို ၊ ဖရူဆို မြို့နယ်များတွင် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေပြီး စစ် တပ်က အရာရှိအပါအဝင် စစ်သားအများအပြားသေဆုံးကာ ယင်းစစ်တပ် စစ်ကြောင်းများမှ စစ်သား ၃ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့ကြောင်း KNDF ဗဟို...