Tanintharyi News

Tanintharyi News

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကုန်းရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၂ ဦး ထိခိုက်ဒဏ်ရာရ

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၁၆

 

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကုန်းကျေးရွာအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း တနင်္သာရီမြို့နယ် ပကဖ ဇုံ ၅ ‌တောဗုံးကြီးအဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဒီဇင်ဘာလ ၁၅ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန်က တနင်္သာရီမြို့နယ်၊ ညောင်ပင်ကုန်း ကျေးရွာ အနီးပတ်ပတ်လည်၌ အင်း ၆၀ ခန့်ဖြင့် တပ်စွဲထားသောအကြမ်းဖက်စစ်သားများအနက် စစ်သား ၁၀ ဦးသည် ပြည်သူ့ နေအိမ်အတွင်း ဝင်ရောက်ကာစုဝေးနေကြောင်းသတင်းအရ တနင်္သာရီ မြို့နယ် ဇုံ – ၅ ဒရုံးအဖွဲ့မှ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“သူတို့ကလာပြီး တပ်စွဲထားတာ ၁ လောက်ရှိပြီ။ ရွာပတ်ပတ်လည်နဲ့နေအိမ်တွေထဲမှာ ဝင်ပြီးနေရာ ယူတပ်စွဲထားတာ၊ သူတို့နေအိမ်တစ်လုံးထဲမှာ စုပြီးနေတယ်သတင်းရလို့ ဒရုန်းနဲ့ဗုံးသီး သွားချတာ၊ တစ်လုံးပဲချခဲ့တယ်။ ဒဏ်ရာရတဲ့ နှစ်ယောက်ကို ခမရ ၅၅၆ တပ်ရင်းထဲကို သယ်သွားတာ။ ရွာထဲမှာ နေတဲ့ ပြည်သူတွေကတော့ ရှောင်နေရတာ၊ လက်ရှိအထိ ရွာထဲမှာ စခတွေရှိသေးတယ်။” ဟု တနင်္သာရီမြို့နယ် ပကဖ ဇုံ ၅ ‌တောဗုံးကြီးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ထို့သို့ ဗုံးကျဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ကို ဇဝဲကျေးရွာအခြေစိုက် ခမရ ၅၅၆ တပ်ရင်းအတွင်းသို့ ကားဖြင့် သယ်ဆောင်သွား ကြောင်း သိရ သည်။

 

အဆိုပါ အကြမ်းဖက်စစ်သားများသည် ညောင်ပင်ကုန်းကျေးရွာ အနီးနားတစ်ဝိုက်၌ ဝင်ရောက်တပ်စွဲ လှုပ်ရှားနေသည်မှာ ၁ လ ခန့်ကြာမြင့်နေပြီဖြစ်ပြီး ကျေးရွာနေပြည်သူများမှာလည်း ထွက်ပြေးတိမ်း‌ ရှောင်နေကြရကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဝက်လက်မြို့နယ်၊ အောက်တပ်သာရွာ၌ တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်မှု စစ်သား ၃၀ ခန့်သေဆုံးပြီး အများအပြား ဒဏ်ရာရ

ဝက်လက်မြို့နယ်၊ အောက်တပ်သာရွာ၌ တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်မှု စစ်သား ၃၀ ခန့်သေဆုံးပြီး အများအပြား ဒဏ်ရာရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၇ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ အောက်တပ်သာရွာ၌ တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်ခဲ့ ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃၀ ခန့် သေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၂၃ တပ်ရင်းထံမှ သိရသည်။ စက်တင်ဘာလ ၁၇ ရက်နေ့က မန္တလေးမြို့၊ ဂေါဝိန်ဆိပ်ကမ်းမှ သံခွန်သင်္ဘောများဖြင့် ဧရာဝတီမြစ်...