Sagaing News

Sagaing News

မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် အကြမ်းဖက်စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၁၆

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် အကြမ်းဖက်စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Area 71 PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဒီဇင်ဘာလ ၁၅ ရက် ညနေ ၅ နာရီ မိနစ် ၂၀ အချိန်က စစ်ကိုင်းမြို့မှ မုံရွာမြို့ဘက်သို့ ဝမ် ပေါင် ကြေးနီ ထုတ်လုပ်ရေးတွင် အသုံးပြုရန် ပစ္စည်းများ သယ်ဆောင်လာသော တွဲကားတန်း ၆၈ စီး အနက် တတိယမြောက်ကားကို ချောင်းဦး -မုံရွာလမ်းပိုင်းတနေရာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ လမ်း ဘေးကင်းပုန်းဝပ်နေသော အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“ယာဉ်တန်းထွက်လာတယ်သတင်းရလို့ ကင်းပုန်းအထပ်ထပ်ချထားတဲ့ကြားကနေ ခက်ခက်ခဲခဲ မိုင်း ထောင်ပြီး တိုက်ခိုက်ခဲ့တာပါ။ ကားဖြတ်တဲ့အချိန် လမ်းကင်းယူနေတဲ့ စစ်သား ၂ ဦးနေရာမှာတင်လဲ ကျသေသွားတာ မျက်မြင်တွေ့ရှိခဲ့ရပါတယ်။ ကျနော်တို့ရဲဘော်တွေအထိအခိုက်မရှိ ပြန်လည်ဆုတ် ခွာနိုင်ခဲ့ပါတယ်” ဟု Area 71 PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မုံရွာမြို့နယ် ပကဖ ဖောက်ခွဲရေး အဖွဲ့မှ ဦးဆောင်ပြီး Area 71 PDF အဖွဲ့၊ နှင့် ANYAR DEFENCE FORCE (ADF) အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခ တပ်အတွင်းသို့ ရော့ကတ် ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု အရာရှိ ၅ ဦးအပါအဝင် စစ်သား ၁၂ ဦးသေဆုံးပြီး ရိက္ခာဂိုဒေါင် ၂ လုံးပြိုကျပျက်စီး

အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခ တပ်အတွင်းသို့ ရော့ကတ် ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု အရာရှိ ၅ ဦးအပါအဝင် စစ်သား ၁၂ ဦးသေဆုံးပြီး ရိက္ခာဂိုဒေါင် ၂ လုံးပြိုကျပျက်စီး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၇ စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် -နမခ တပ်အတွင်းသို့ ရော့ ကတ်လက်နက်ကြီး ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိ ၅ ဦးအပါအဝင် စစ်သား ၁၂ ဦး သေဆုံးခဲ့ပြီး ရိက္ခာဂိုဒေါင် ၂ လုံးပြိုကျ ပျက်စီးခဲ့ကြောင်း...