Poem

Poem

ကဗျာကဏ္ဍ “အဘကြောက်ရောဂါ”

 

ပျိုးကြဲလက်

 

ပြည်သူဆို ခေါင်းပစ်ပေါ့

ခေတ်ပြောင်းမယ့် မောင်တွေ

စနစ်ဟောင်း ဆိုးအမွေဝယ်

မျိုးဆွေပါ နှစ်ဆဲ ။

 

အဘတို့ လမ်းညွှန်ရင်

အဆန်းထွင် သူ့ထက်ဆကဲ ။

 

ထိုးကျွေးမှ တငိုင်ငိုင်

လင်းတမှိုင် အမြဲ ။

 

ငွေလိုရင် သူခိုးပေါ့

လူဆိုးနဲ့ တိုင်ပင် ။

 

ရာဇဝင် ခေါင်ဖျားက

တော်ဘုရား လုပ်နိုင်ဖို့ပြင် ။

 

စစ်ပွဲတော့ မခင်တွယ်

လူဖင်ကျယ် မြှောက်ပေးပေါ့

သူကြောက်ပြေး ပြေးပြီဆို

ရှေးထက်ကပို ။

 

သေကြပေါ့ ရဲဘော်ဆိုရင်

အဘကို ကြောက်နိုင်ငဲ့လေး ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက် ည ၉ နာရီ ၂၄ မိနစ်

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Poem

Poem

ကဗျာကဏ္ဍ “အိမ်ပြန်ချင်တယ်”   ခွန်းနီ (ပခုက္ကူ) အငွေ့ပျံမတတ်နေ့တွေမှာ ကျွန်တော်ဟာ အိမ်ပဲပြန်ချင်တော့တယ်။ ခလုတ်ထိမှ အမိတတယ်ပဲပြောပြော လူရောစိတ်ပါ အနာတရဖြစ်တဲ့အခါ အမေ့ကိုသတိတရရှိလာခြင်းဖြင့် ကျွန်တော်ဟာ အိမ်ပဲပြန်ချင်တော့တယ်။ တိမ်တွေ တောင်တွေ ရှုမျှော်ခင်းတွေကို နေ့စဥ်နဲ့အမျှ ထိတွေ့နေရပေမဲ့ အသက်ဓာတ်ဟာ ပိုပိုပါးလျားလာပြီး ပြုံးနေတဲ့သားရဲတွေရယ် တစ်စစီချေမွပစ်မဲ့ သတ်ကွင်းတွေကြား...