Mandalay News

Mandalay News

ဆီးမီးခုံမြို့မှ သိမ်းဆည်းရရှိခဲ့သည့် စစ်ကောင်စီဘတ်ဟိုးတစ်စီးကို တော်လှန်ရေးနှင့်ပြည်သူ့ အကျိုးပြုလုပ်ငန်းများတွင် အသုံးပြုသွားမည် (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၁၅

 

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့မှ သိမ်းဆည်းရရှိခဲ့သည့် အကြမ်းဖက် စစ်ကောင်စီတပ် ဘက်ဟိုးတစ်စီးကို တော်လှန်ရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် အသုံးပြု သွားမည်ဖြစ်ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ ထံမှ သိရသည်။

 

ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက်နေ့က မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့ပေါ်ရှိ စည်ပင်ရုံးအတွင်းမှ ၂၃ တန်ရှိ ဘတ်ဟိုးတစ်စီးကို  Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ်-၉ တပ်ရင်း ရဲဘော် များက လုံခြုံရေးအပြည့်ယူကာ သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။

ထို့နောက် MBTတပ်ဖွဲ့မှ မဟာမိတ် Royal Brother Defence Force (RBDF) နှင့် အတူ ကျေးရွာ တာဝန်ခံများဖြင့် ပူးပေါင်းကာ စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်အတွင်းရှိ တော်လှန်ရေးတပ် များ စိုးမိုးထားသည့် နယ်မြေများတွင် အများပြည်သူ သွားလာရေး အဆင်ပြေကောင်းမွန်စေရန် လမ်းနှင့် အထွေထွေပြုပြင်ရေးများအား ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

 

“ဆီမီးခုံမြို့စည်ပင်ကနေ သွားသိမ်းထားတာ။ အဲဒီကနေသိမ်းပြီးတော့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ လုပ်နေတာပေါ့။ ပြီးလို့ရှိရင် ပြည်သူ့တော်လှန်ရေး၊ အာဏာရှင်စနစ်အမြစ်ဖြတ်ရေး အတွက် လက် နက်ကိုင်တိုက်ပွဲဝင်တဲ့နေရာမှာ လိုအပ်ရင် လိုအပ်သလို အသုံးပြုသွားမှာဖြစ်ပါတယ်၊ ပုံစံမျိုးစုံနဲ့ ပေါ့။ တော်လှန်ရေးအောင်မြင်ဖို့၊ စစ်အာဏာရှင်မြစ်ဖြတ်ဖို့အတွက် အကောင်းဆုံးကြိုးစားသွားပါ့မယ်” ဟု Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားသည်။

 

သိမ်းဆည်းရရှိခဲ့သော ဘတ်ဟိုးကို MBT တပ်ဖွဲ့အနေဖြင့် ကိုယ်ကျိုးအတွက်အသုံးပြုခြင်းမျိုး မဟုတ် ဘဲ စိုးမိုးနယ်မြေအတွင်း လူထုအကျိုးပြုလုပ်ငန်းများကို တာဝန်ရှိသူများနှင့်အတူပူးပေါင်းကာ အသုံး ပြုလျက်ရှိပြီး စစ်အာဏာရှင် အမြစ်ပျက်တိုက်ထုတ်ရေးအတွက် မည်သည့် ပုံစံမျိုးနှင့်မဆို ပြန်လည် အသုံးပြုသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မိုင်းလုံမြို့နယ်၊ မန်ဟုန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက် ခိုက်မှု အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၉ ဦးသေဆုံး

မိုင်းလုံမြို့နယ်၊ မန်ဟုန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက် ခိုက်မှု အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၉ ဦးသေဆုံး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၇ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းလုံမြို့နယ်၊ မန်ဟုန်း‌ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအ၀င် ပြည်သူ ၉ ဦး သေဆုံးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ယနေ့ အောက်တိုဘာလ...