Chin State News

Chin State News

ဖလမ်းမြို့တွင် တိုက်ပွဲပြင်းထန်နေသဖြင့် ပြည်သူများအဝင်အထွက်မပြုလုပ်ကြရန် CNO/CNDF သတိပေး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၁၄

 

ချင်းပြည်နယ်၊ ဖလမ်းမြို့တွင်းမှာ တိုက်ပွဲပြင်းထန်နေလို့ ပြည်သူတွေ အဝင်အထွက်မပြုလုပ်ကြရန် ချင်းအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ – CNDF က ထုတ်ပြန်ထားပါတယ်။

 

နိုဝင်ဘာလ ၉ ရက်နေ့မှစလို့ CNO/CNDF နဲ့ ချင်းညီနောင် ပူးပေါင်း တပ်ဖွဲ့တွေက မင်းတပ်မြို့နဲ့ ဖလမ်းမြို့ သိမ်းတိုက် ပွဲဖော်ဆောင်ခဲ့ရာ အခုဆိုရင် ၁ လကျော် ကြာ မြင့်ခဲ့ပြီဖြစ်ပါတယ်။

 

မြို့သိမ်းစစ်ဆင်ရေးမှာ အောင်မြင်မှုအချို့လည်းရရှိထားပေမယ့် အကြမ်းဖက်စစ် ကောင်စီတပ်က လေကြောင်း၊ မစ်ဆိုင်းဒုံးတွေနဲ့ အပြင်းအထန်ခုခံကာကွယ်တိုက်ခိုက်နေလို့ အပြီးသတ် သိမ်းပိုက် နိုင်ခြင်းမရှိသေးတာလို့ သိရပါတယ်။

“အရေးကြီးကိစ္စရှိတယ်ဆိုပြီး ခဏခဏ ခွင့်လာတောင်းတာရှိလို့ရယ်၊ တိုက်ပွဲပြင်းထန်နေတာရယ် ကြောင့် ထုတ်ပြန်လိုက်တာပါ” လို့ ချင်းအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ – CNDF မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြပါတယ်။

 

ဖလမ်းမြို့တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ခလရ ၂၆၈ တပ်ကုန်းအပါအဝင် လက်ကျန် စစ်ကောင်စီတပ်တွေကို CNDF ပါဝင်တဲ့ ချင်းညီနောင်မဟာမိတ်တပ်တွေက တိုက်ခိုက်နေတာဖြစ်လို့ မိဘပြည်သူတွေရဲ့ ရပ်တည်မှု ၊ ဆုတောင်းပေးမှု ၊လက်နက်ခဲယမ်းနဲ့ ကျည်တွေ ထောက်ပံ့မှု လိုအပ် နေ တယ်လို့ CNO/CNDF က ထုတ်ပြန်ပါတယ်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကနီမြို့ပေါ်တွင် ကင်းလှည့်ထွက်လာသော စစ်တပ် စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်မှု စစ်သား နှင့် ရဲ ၇ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ

ကနီမြို့ပေါ်တွင် ကင်းလှည့်ထွက်လာသော စစ်တပ် စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်မှု စစ်သား နှင့် ရဲ ၇ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၈ စစ်ကိုင်းတိုင်း၊ ကနီမြို့ပေါ်တွင် ကင်းလှည့်ထွက်လာသော စစ်တပ် စစ်ကြောင်းကို အသင့် စောင့်ကြို တိုက်ခိုက်ခဲ့ရာ စစ်သားနှင့် ရဲ ၇ ဦး သေဆုံးပြီး လက်နက် ၂ လက်သိမ်းဆည်းရရှိခဲ့ကြောင်း ကျောက် လုံးကြီး KLG PDF တပ်ဖွဲ့ထံမှ သိရသည်။...