Poem

Poem

ကဗျာကဏ္ဍ “ပြည့်စစ်သားတို့ တာဝန်”

 

ပျိုးကြဲလက်

 

ငါ့ညီစစ်သား ၊ ရဲမက်များရ

ကြားရဲ့လားကွ ၊ နပခမှာ

ဗုံးချသတ်ပြီ ၊ ယုတ်မာပြီဟေ့ ။

 

မင်းတို့ရောင်းရင်း အသက်နှင်း၍

လည်စင်းခံတိုက် ၊ စစ်ရှုံးခိုက်ဝယ်

ဝေ့ဝိုက်ပျံဝဲ ၊ လေသူရဲနှင့်

ဗုံးကြဲ၍သတ် ၊ ရန်ငါပြတ်ပြီ

မှတ်ကြနောက်ထပ် ၊ မင်းတို့တပ်ကွယ့် ။

 

နခခငါး ၊ အကျများ၍

အင်အားနည်းပြီ ၊ ပြတ်သည်ကျည်နှင့်

လာမည်ပြောကာ ၊ ဆေးရိက္ခာက

ဘယ်မှာမသိ ၊ အရာရှိမှာ

ပြေးဘိကြိုရှောင်၊ စစ်သားမောင်တို့

သောင်ပြင်လွှတ်သည့် ခွေးပမာ ။

 

မင်းတို့အဘ ၊ သမ္မတရူး

သေမထူးက ၊ တပည့်များကို

လူသားမထင် ၊ ကျွန်နယ်မြင်၍

လိုအင်ဆန္ဒ ၊ မပြည့်ဝလျှင်

ဒုက္ခပင်လယ်၊ ဘယ်သို့ကျယ်စေ

ကယ်ရန်ဝေးစွ ၊ ဗုံးတွေချကာ

သူကသတ်ချင် သတ်ဦးမည်။

 

သေလည်းမထူး ၊ အာဏာရူးနှင့်

ပူးတွဲနေက ၊ မင်းဘဝကို

ငါ့ညီစစ်သား ၊ ပြန်စဉ်းစားကွ

မှားခဲ့သမျှ ၊ မင်းဝန်ချ၍

ဓမ္မဘက်ရပ် ၊ သွေးကြွေးဆပ်ရန်

တပ်နှင့်ပြည်သူ ၊ လက်တွဲကူဟေ့ ။

 

မင်းတို့ဘဝ ၊ ချမ်းသာရလျက်

သားသမီးနှင့် ၊ ပနံသင့်အောင်

အခွင့်သာက ၊ ဆက်သွယ်ကြ၍

အလံဖြူပြ ၊ လက်နက်ချလျှင်

မင်းကတာဝန် ကျေပါဘိ ။   ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက် နံနက် အစောပိုင်း ၁ နာရီ ၄၇ မိနစ်

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Poem

Poem

ကဗျာကဏ္ဍ “အိမ်ပြန်ချင်တယ်”   ခွန်းနီ (ပခုက္ကူ) အငွေ့ပျံမတတ်နေ့တွေမှာ ကျွန်တော်ဟာ အိမ်ပဲပြန်ချင်တော့တယ်။ ခလုတ်ထိမှ အမိတတယ်ပဲပြောပြော လူရောစိတ်ပါ အနာတရဖြစ်တဲ့အခါ အမေ့ကိုသတိတရရှိလာခြင်းဖြင့် ကျွန်တော်ဟာ အိမ်ပဲပြန်ချင်တော့တယ်။ တိမ်တွေ တောင်တွေ ရှုမျှော်ခင်းတွေကို နေ့စဥ်နဲ့အမျှ ထိတွေ့နေရပေမဲ့ အသက်ဓာတ်ဟာ ပိုပိုပါးလျားလာပြီး ပြုံးနေတဲ့သားရဲတွေရယ် တစ်စစီချေမွပစ်မဲ့ သတ်ကွင်းတွေကြား...