Ayearwaddy News

Ayearwaddy News

ဧရာဝတီတိုင်းကို ထိုးဖောက်နိုင်ရန် တိုင်းစစ်ဌာနချုပ်ဖွဲ့စည်း

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၁၂

 

ဧရာဝတီတိုင်းအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများကိုး ထိုးဖောက်ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်နိုင်ရန် ဧရာဝတီတိုင်း စစ်ဌာနချုပ်ကို ဖွဲ့စည်းလိုက်ပြီးဖြစ်ကြောင်း ယနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့စွဲဖြင့် တရားဝင်ထုတ်ပြန်ကြေညာလိုက်သည်။

 

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင် ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၏ ကွပ်ကဲအုပ်ချုပ်မှုကိုခံယူ၍ တိုင်းစစ်ဌာန(ဧရာဝတီ)ကို ပြည်သူ့ သားကောင်း စစ်သည်တော်များဖြင့် စစ်ကြောင်း၊ တပ်ရင်း၊ ဗျူဟာများ အဆင့်ဆင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

ဧရာဝတီတိုင်း စစ်ဌာနချုပ်အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ချမှတ်ထားသော သစ္စာ ဓိဌာန် ၄ ချက်ကို မြဲမြံစွာ စောင့်ထိန်းပြီး အဆင့်ဆင့် အမိန့်ပေးကွပ်ကဲနာခံမှုနှင့် ကျင့်ဝတ်များကို လိုက်နာဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

 

တိုင်းစစ်ဌာန(ဧရာဝတီ)၏ အန္တိမရည်မှန်းချက်ဖြစ်သော စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် ဧရာဝတီမြေသို့ ထိုးဖောက်ဝင်ရောက်ပြီး အောင်ပွဲများ ရယူနိုင်ရန် မဟာမိတ် (EROs) များနှင့် လက် တွဲပူးပေါင်းကာ ကြိုးစားတည်ဆောက် တိုက်ပွဲဝင်လျက်ရှိကြောင်း သိရသည်။

 

တိုင်းစစ်ဌာန(ဧရာဝတီ)၏ စစ်ရေးတိုက်ပွဲ သတင်းများ၊ ကာကွယ်ရေးဆိုင်ရာထုတ်ပြန်‌ ကြေညာ ချက်များ တရားဝင်ထုတ်ပြန် ဆောင်ရွက်နိုင်ရန်၊ တော်လှန်မိဘပြည်သူများနှင့် နှလုံးသားချင်း နီး ကပ်စွာ ယုံကြည်ချိတ်ဆက် ဆောင်ရွက်နိုင်ရန်အတွက် လူမှုကွန်ယက် စာမျက်နှာ Facebook Page အား “တိုင်းစစ်ဌာန-ဧရာဝတီ” အမည်ဖြင့် ဖွင့်လှစ်ထားကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းစခန်းနှင့် ကွင်းချောင်းဝဗျူဟာစခန်းတို့၌ တာဝန်ကျနေသော စစ်မှု ထမ်း တပ်သား ၈ ဦး အလင်းဝင်

ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းစခန်းနှင့် ကွင်းချောင်းဝဗျူဟာစခန်းတို့၌ တာဝန်ကျနေသော စစ်မှု ထမ်း တပ်သား ၈ ဦး အလင်းဝင်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၄ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းစခန်းနှင့် ကွင်းချောင်းဝဗျူဟာစခန်းတို့တွင် တာဝန်ကျ နေသော စစ်မှုထမ်းတပ်သား ၈ ဦး အလင်းအလင်းဝင်ခဲ့ကြောင်း ပဲခူးခရိုင်အမှတ် ၂ တပ်ရင်း - P23702 ထံမှ သိရသည်။ ယမန်နေ့ ဩဂုတ်လ ၁၂ ရက်နေ့က ကျောက်ကြီးမြို့နယ်၊...