Sagaing News

Sagaing News

ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ်၌ စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သာ ၅ ဦး သေဆုံး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၁၂

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ်တွင် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်း ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံခဲ့ကြောင်း ချောင်းဦးမြို့နယ်အခြေစိုက် BLDF အညာ မိုင်း တပ်ခွဲ ထံမှ သိရသည်။

 

ယမန်နေ့ ဒီဇင်ဘာလ ၁၁ ရက် နံနက် ၉ နာရီခန့်က စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ မှ ထွက်လာ သော ကား ၁၁ စီးပါ အကြမ်းဖက်စစ်ယာဉ်တန်းကို ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလးလမ်းပိုင်းတနေ ရာတွင် ယာဉ်တန်း၏ ၆ စီးမြောက်ကားကို ပဒေသာမိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၅ ရက်နေ့ကလည်း ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပိုင်း တနေရာတွင် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို ဗမာလွတ်မြောက်ရေးတပ်ဦး BLDF တပ်ခွဲ အညာမိုင်း တပ်ဖွဲ့ ရဲဘော်ညီကိုများမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကား ၁ စီးထိမှန်ပျက်စီးခဲ့ပြီး စစ်သား ၅ ဦးသေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်ကကောင်စီတပ်သားများက လက်နက်ငယ်များဖြင့် ရမ်း သမ်းပစ်ခတ်မှုရှိခဲ့သောာ်လည်း ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ် တပ်ဦး BLDF တပ်ခွဲ အညာ မိုင်း ပြည်သူ့ကာကွယ်ရေးတပ် ချောင်းဦးခြေစိုက် BLDF တပ်ခွဲ အညာမိုင်းတပ်ဖွဲ့ မှ တော် လှ‌န်ရေး ညီကိုများ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ်ရှိ သံလွင်မြန်မာဆီဆိုင်၌ ကင်းယူနေသော စစ်သားများ ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ်ရှိ သံလွင်မြန်မာဆီဆိုင်၌ ကင်းယူနေသော စစ်သားများ ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၀ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ်ရှိ သံလွင်မြန်မာဆီဆိုင်၌ ကင်းယူနေ သော စစ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF ထံမှသ...