Magway News

Magway News

ရေနံချောင်းမြို့နယ်၊ လက်မှတ်ကုန်းနယ်မြေရဲစခန်းမှ ရဲဒုတပ်ကြပ် ၂ ဦးကို ဖမ်းဆီးစဉ် ပြန်လည် ခုခံ သဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ ရဲ ၂ ဦးစလုံးသေဆုံး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၁၂

 

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ လက်မှတ်ကုန်းနယ်မြေရဲစခန်းမှ ရဲ ဒုတပ်ကြပ် ၂ ဦးကို ဖမ်းဆီး စဉ် ပြန်လည်ခုခံသဖြင့် ပစ်ခတ်ဖမ်းဆီးရာ ရဲ ၂ ဦးစလုံးသေဆုံးသွားကြောင်း People Defense Force – Yenanchaung တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဒီဇင်ဘာလ ၁၁ ရက် နံနက် ၁၁ နာရီခန့်က ရေနံချောင်းမြို့နယ်၊ လက်မှတ်ကုန်းနယ်မြေရဲ စခန်းမှ ရဲဒုတကအောင်ဒင်နှင့် ရဲ ဒုတကမြတ်စိုးနိုင်တို့ ၂ ဦးသည် ရေနံချောင်းမြို့နယ် အ တွင်းရှိ ကာ ကွယ်ရေးအဖွဲ့များ၏ သတင်းများ လိုက်လံထောက်လှမ်းရန် အရပ်အဝတ်အစား ဝတ်ဆင် ပြီး ဆိုင် ကယ်ဖြင့် ထွက်လာကြောင်း သတင်းရရှိသဖြင့် မကျည်းတိုင်း – ဖိုးကိုးလမ်းပေါ်မှ စောင့်ဆိုင်း ဖမ်း ဆီးခဲ့ကြောင်း သိရသည်။

ထိုသို့ စောင့်ဆိုင်းဖမ်းဆီးစဉ် အသာတကြည်အဖမ်းမခံပဲ လက်ပစ်ဗုံးဖြင့် ပြန်လည်ခုခံရန် ကြိုးစားသ ဖြင့် ပစ်ခတ်ဖမ်းဆီးရာ ရဲတစ်ဦးနေရာမှာပွဲချင်းပြီး သေဆုံးသွားပြီး ကျန်တစ်ဦးမှာ ဒဏ်ရာအပြင်းအ ထန်ဖြင့် ဖမ်းခေါ်လာစဉ် သွေးထွက်ကာ လမ်း၌ သေဆုံးသွားကြောင်း သိရသည်။

 

“လက်ပစ်ဗုံးနဲ့ ခုခံဖို့လုပ်လို့ ပစ်ခတ်ဖမ်းဆီးလိုက်ရတာပါ၊ လက်ပစ်ဗုံးကပေါက်ကွဲမှုမဖြစ်ခဲ့ဘူး။ အလာင်းကိုတော့ ကျနော်တို့ပဲ သယ်လာပြီးတော့ ကောင်းကောင်းမွန်မွန်ပဲ သင်္ဂြိုလ်ပေးလိုက်တာပါ တာ၊ တစ်ယောက်ကတော့ ခေါ်လာတုန်းလမ်းမှာ သွေးထွက်လွန်ပြီးသေသွားတာပါ။ မနေ့က ပစ် ခတ်ဖြစ်ပြီးတော့ ရဲကား ၂ စီးတော့ ရောက်လာတယ်၊ ရောက်လာတာက ပစ်ခတ်မှုတဲ့အနားအထိ တော့ရောက်မလာဘူး။ လမ်းကနေ ပြန်လှည့်ပြန်သွားတယ်” ဟု People Defense Force – Yenanchaung တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ လုပ်ဆောင်မှုကို People Defense Force – Yenangyaung ၊ Tamar Myay Special Coloum နှင့် Midland Dolphin’s Coloum တို့ ပူးပေါင်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ လိုခါးလိုဆေးရုံကို စစ်တပ်က ၂ ရက်ဆက်တိုက် လေကြောင်း ကင်းထောက်ပြီး ဗုံးကျဲတိုက်ခိုက်မှု ကလေးတစ်ဦးအပါအဝင် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံပျက်စီး

ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ လိုခါးလိုဆေးရုံကို စစ်တပ်က ၂ ရက်ဆက်တိုက် လေကြောင်း ကင်းထောက်ပြီး ဗုံးကျဲတိုက်ခိုက်မှု ကလေးတစ်ဦးအပါအဝင် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံပျက်စီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၇ ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ လိုခါးလိုဆေးရုံကို အကြမ်းဖက်စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် လေကြောင်း ကင်းထောက်ပြီး ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကလေး တစ်ဦးအပါအဝင် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ ဆေးရုံပျက်စီးသွားကြောင်း ဒေသနေပြည်သူများထံက သိရ သည်။ ယနေ့ ဩဂုတ်လ...