Karenni State News

Karenni State News

လွိုင်ကော်မြို့ပြင်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေတိုက်ခိုက်ခံရပြီး စစ်သား ၅ ဦးသေဆုံး၊ သေနတ် ၄ လက် သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၁၁

 

ကရင်နီပြည်၊ လွိုင်ကော်မြို့၊ မြို့ပြင်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးပြီး သေနတ် ၄ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ KNDF တပ်ရင်း ၁၄ ထံက သိရပါတယ်။

 

နိုဝင်ဘာလ ၂၇ ရက်နေ့က လွိုင်ကော်မြို့ ပြင် တစ်နေရာမှာ ကင်းပုန်းဝပ်နေတဲ့ အကြမ်းဖက် စစ် ကောင်စီ တပ်သားတွေကို သွားရောက် တိုက်ခိုက်ခဲ့ရာ စစ်သား အလောင်း ၃ လောင်း၊ သေနတ် ၄ လက် ၊ ကျည်ဘောက်နဲ့ ကျည်ဆန်တွေ သိမ်းဆည်းရရှိခဲ့တာဖြစ်ပါတယ်။

 

ဒီဇင်ဘာလ ၂ ရက်နေ့ကလည်း လွိုင်ကော်မြို့နယ်၊ ကုန်းဆွတ်ပအိုဝ်းရွာအကျော် ကျောက်ကြီး အနီး မှာ လမ်းလုံခြုံရေး လုပ်နေတဲ့ အကြမ်း ဖက် စစ်ကောင်စီ တပ်သားတွေကို KNDF တပ်ရင်း ၁၄ မှ ရဲ ဘော်တွေက ပြောင်းခင်းကြားထဲကနေ စနိုက်ပါနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာမှာ စစ်သား ၂ ဦး သေဆုံးခဲ့ ပါသေးတယ်။

“ကင်းပုန်း ဝပ်နေတဲ့ စခတွေကို တိုက်ခိုက်ချေမှုန်းတာ အလောင်း ၃ လောင်း၊ သေနတ် ၄ လက်နဲ့ ကျည်ဘောက် ကျည်ဆန်တွေ ရရှိပါတယ်။ ကျနော်တို့ဘက်က ထိခိုက်မှု တစုံတရာမရှိဘဲ ပြန်လည် ဆုတ်ခွာလာနိုင်ခဲ့တယ်။ နောက်ပြီး ကုန်းဆွတ်ပအိုဝ်းရွာအကျော် ကျောက်ကြီးနားမှာ လမ်းလုံခြုံရေး လုပ်နေသော စခတွေကို ပြောင်းခင်းများကြားကနေ စနိုက်ပါ သမားတွေက ချောင်းပစ်တာ ၂ ဦး ထပ် သေတယ်။ အဲတိုက်ခိုက်မှုမှာ ဖရူဆိုတပ်က ဒုအရာခံ ဗိုလ် အသက် ၅၅ နှစ်ပင်စင်ယူဖို့ ၂ နှစ်လိုတဲ့သူ လည်းသေပါတယ်” လို့ KNDF တပ်ရင်း ၁၄ က တာဝန်ရှိသူတစ်ဦးက ရှင်းပြပါတယ်။

 

လက်ရှိ လွိုင်ကော်မြို့နယ်တစ်၀ိုက်ကို အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဖို့ အင်အား ဖြည့်ပြင်ဆင်နေတဲ့အတွက် ကရင်နီတော်လှန်ရေးတပ်တွေနဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တွေ အကြား စစ်ရေးတင်းမာနေပါတယ်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဆီဆိုင်မြို့နယ်၊ ကင်ထိုင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား၊ PNO ပြည်သူ့စစ် ၂၀ ခန့် သေဆုံး ပြီး ၁ ဦးအရှင်ဖမ်းမိ

ဆီဆိုင်မြို့နယ်၊ ကင်ထိုင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား၊ PNO ပြည်သူ့စစ် ၂၀ ခန့် သေဆုံး ပြီး ၁ ဦးအရှင်ဖမ်းမိ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၅ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ကင်တိုင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၊ PNO ပြည်သူ့စစ် ၂၀ ဦးခန့်သေဆုံးကာ ၁ ဦးအရှင်ဖမ်းမိခဲ့ကြောင်း အမှတ် ၁၀၀၅ တပ်ရင်း၊ ရှမ်းတောင် က ထုတ်ပြန်သည်။ ဩဂုတ်လ ၆ ရက်နေ့မှစပြီး ဆီဆိုင်မြို့နယ်၊...