Karen State News

Karen State News

အကြမ်းဖက်စစ်ကောင်စီတပ် ဗမက စိုးမင်းအောင်က လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ ကျေးရွာအုပ်ချုပ်ရေး မှူးများကို အစည်းအဝေးခေါ်၍ စစ်မှုထမ်းလူပေးရန်တောင်းခံ၊ မပေးပါက ပေါ်တာဆွဲမည်ဟု ခြိမ်း ခြောက်

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၁၁

 

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှုးများကို အကြမ်းဖက်စစ်ကောင်စီ တပ်က အစည်းအဝေး ခေါ်ယူ၍ စစ်မှုထမ်း လူပေးရန်၊ မပေးပါက ပေါ်တာဆွဲမည်ဖြစ်ကြောင်း ခြိမ်း ခြောက်ခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

 

ဒီဇင်ဘာလ ၁၂ ရက်နေ့ နောက်ဆုံးထားကာ အပတ်စဉ် ၈ အတွက် စစ်မှုထမ်းတပ်သားအသစ်တွေကို ဗျူဟာရုံးကိုလာပို့ပေးဖို့ ဗျူဟာမှူး မမက စိုးမင်းအောင်က ညွှန်ကြားခဲ့တာပါ။

လှိုင်းဘွဲ့မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ က ၊ ဃ အုပ်ချုပ်ရေးမှူးတွေ၊ ထော်ရွှဲ၊ အင်းနို့၊ သိပ္ပံ၊ ကမော့လဲ၊ တခွက် ဖိုး၊ နိုးကော၊ ကွမ်မောင်၊မြလေး၊ သာယာကုန်း၊ ဂျို့ချော၊ ဥဒေါင်း၊ တဝန်ဖန်ရ၊ ကျိုပကို၊ တခေးလို ကျေးနယ်အုပ်ချုပ်ရေးမှူးတွေကို မြို့နယ်ထွေအုပ်ရုံးမှာ အစည်းအဝေးခေါ်ယူကာ ပြော ဆိုခဲ့တာလို့ သိရပါတယ်။

 

ကျေးရွာတစ်ခုကို လူတစ်ဦးစီပေးဖို့နဲ့ လူမပေးနိုင်ပါက လူတစ်ယောက်အစား (ကျပ်ငွေသိန်းသုံး ဆယ်) ပေးရမယ်လို့လည်း ခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်။

 

ဒါအပြင် မြို့အဝင်အထွက်ဂိတ်တွေက အဆင်ပြေသလို စစ်မှုထမ်းပေါ်တာဆွဲဖမ်းဆီးမယ်လို့လည်း ခြိမ်းခြောက်ခဲ့ ပါသေးတယ်။

 

မနေ့ ဒီဇင်ဘာလ ၁၀ ရက် မွန်းလွဲ ၃ နာရီက လှိုင်းဘွဲ့မြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ ကျေးရွာ ရပ် ကွက်အုပ်ချုပ်ရေးမှူးတွေကို ခေါ်ယူကာ အပါတ်စဉ် ၇ အတွက် တပ်သားပို့ဆောင်ပေးခြင်း မရှိသေးတဲ့ အုပ်ချုပ်ရေးမှူးတွေအနေနဲ့ အခုအပတ်စဉ် ၈ အတွက် တစ်အုပ်စုတစ်ယောက် မဖြစ်မနေ ပေးဖို့ ထပ်မံပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။

 

အကြမ်းဖက်စစ်ကောင်စီတပ်က အတင်းအဓမ္မ စစ်မှုထမ်းကောက်ခံနေတာကြောင့် မြို့နယ်/ ကျေး နယ်တွေ အတွင်းနေထိုင်နေကြရတဲ့ ပြည်သူလူထုတွေမှာ စိုးရိမ်ထိတ်လန့်လျက်ရှိတယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မိုင်းလုံမြို့နယ်၊ တော့ဆန်ရွာမ ကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု နေအိမ် ၂ လုံးနှင့် ဘုန်းကြီးကျောင်း ဇရပ် ပျက်စီး

မိုင်းလုံမြို့နယ်၊ တော့ဆန်ရွာမ ကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု နေအိမ် ၂ လုံးနှင့် ဘုန်းကြီးကျောင်း ဇရပ် ပျက်စီး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၂ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မိုင်းလုံမြို့နယ်၊ တော့ဆန်ရွာမ ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ် က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၂ လုံးနှင့် ဘုန်းကြီးကျောင်း ဇရပ်ထိခိုက်ပျက်စီးခဲ့ ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ယမန်နေ့ အောက်တိုဘာလ ၁၀...