AA News

AA News

မောင်တောမြို့ နခခ ၅ သိမ်းပိုက်မှု ဗိုလ်မှူးချူပ်သူရိန်ထွန်းအပါအဝင် အများအပြားကို ဖမ်းမိ၊ စစ်သား ၄၅၀ အထက်သေဆုံး

 

သံလွင်မြန်မာသတင်း
ဒီဇင်ဘာလ ၁၁

 

ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ နခခ ၅ ကို အပြီးသတ်သိမ်းပိုက်ခဲ့ရာ အမှတ် ၁၅ စစ်ဆင်ရေး ကွပ် ကဲမှုဌာနချုပ်မှ တပ်မမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်း အပါအဝင် အရာရှိများ၊ စစ်သားများ၊လက်အောက် ခံ မွတ်စလင် လက်နက်ကိုင်များကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိခဲ့ကြောင်း AA က တရားဝင် သတင်း ထုတ်ပြန်သည်။

 

ရခိုင်ပြည် မောင်တောမြို့စောင့်တပ် နခခ ၅ ကို အသည်းအသန် ခုခံခဲ့သော စကခ ၁၅ ကွက်ကဲရေး မှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းအား အာရက္ခတပ်တော် AA က ဖမ်းဆီးရမိကြောင်း၊ ဗိုလ်မှူးချုပ် သူရိန် ထွန်း သည် မောင်တောမြို့ကို မကျစေရေးအတွက် ဘူးသီးတောင်၊ မောင်တောဒေသမှ မွတ်စလင် များကို စည်း ရုံး၍ လက်နက်တင်ဆင်ပေးခြင်း၊ သင်တန်းပေးခြင်းအပါအဝင် လူမျိုးရေးပဋိပက္ခ များ အား ဖန်တီးကာ အာရက္ခတပ်တော် AA ကို တိုက်ခိုက်ရာတွင် ဦး ဆောင်ခဲ့သူဖြစ်ကြောင်း သိရသည်။

အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းကို ကိုယ် ရေး အရာရှိ ဗိုလ်ကြီး ဝေလင်းအောင်၊အပါအဝင် အရာရှိ၊ အကြပ်၊ စစ်သည်အမြောက်အမြားနှင့် RSO၊ ARSA၊ ARA အဖွဲ့ဝင်များ၊ စစ်ကောင်စီက သင်တန်းပေးထားသည့် မွတ်စလင် လက်နက် ကိုင်တပ်ဖွဲ့ဝင်များကို စစ် သုံ့ပန်းများအဖြစ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

မောင်တောမြို့တွင် နောက်ဆုံးလက်ကျန်စခန်းတစ်ခု ဖြစ်သော အမှတ် ၅ နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (နခခ-၅) စခန်းကို ဒီဇင်ဘာလ ၈ ရက်နေ့၊ နံနက် ၉ နာရီ ၃၀ မိနစ်အချိန် အာရက္ခတပ်တော်က အပြီး သတ်ချေမှုန်းတိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

 

မောင်တော ဒေသတစ်ခုလုံးကို အလုံးစုံ ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပြီး နခခ ၅ ထဲမှ ထွက်ပြေး လွတ် မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ရှိသောကြောင့် ၎င်းတို့အားလိုက်လံရှာဖွေလျက် ရှိကြောင်း သိရသည်။

 

နခခ (၅) စခန်းသည် မောင်တောမြို့၏ မြို့သူကြီးရပ်ကွက်တွင် တည်ရှိပြီး စစ်အင်အား (၇၀၀) ကျော် စခန်းချတပ်စွဲထားသော စခန်းကြီးတစ်ခုဖြစ်ကြောင်း၊ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ ထောင်ထားသော M14 မိုင်း ပေါင်း ၁၀၀၀ ကျော်ကို ရှင်းလင်းရရှိခဲ့ကြောင်း၊ အာရက္ခမိုင်းရှင်း လင်း ရေး စစ်သည်တော်အချို့လည်း အသက်နှင့်ကိုယ်လက်အင်္ဂါတို့ကို စွန့်လွှတ်ပေးဆပ်ခဲ့ရကြောင်း သိရသည်။

 

နခခ (၅) စခန်းကို လွန်ခဲ့သော ၂ လခန့်ကတည်းကပင် ဝိုင်းရံပိတ်ဆို့ထားကာ ထိုးစစ်ရက်ပေါင်း (၅၅) ရက် ခန့်ကြာမြင့်ကြောင်း၊ အဆိုပါ ထိုးစစ်အတွင်း အလောင်းများစာရင်းအရ စစ်သား ၄၅၀ အထက် သေဆုံးနိုင်ခဲ့ပြီး ဘူးသီးတောင်မြို့၊ ထို့အပြင် လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင် ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဖားကန့်မြို့နယ်၊ မလန်းရွာအနီးတဝိုက်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က အထိနာနေသဖြင့် လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်

ဖားကန့်မြို့နယ်၊ မလန်းရွာအနီးတဝိုက်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က အထိနာနေသဖြင့် လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၂ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မလန်းကျေးရွာအနီးတဝိုက်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က အထိနာနေသဖြင့် လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်ထံက သိရ သည်။ အောက်တိုဘာလ ၁၁ ရက်နံနက်ပိုင်းက ဖားကန့်မြို့နယ်၊ မလန်းကျေးရွာဘက်သို့ လုံးခင်း၊ ယမ်း ချက်ဘက်မှ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့်...