KIA News

KIA News

မိုးမောက်မြို့နယ်၊ စိန်လုံတောင်စစ်ဗျူဟာကုန်းစခန်းမှ ထွက်ပြေးနေသည့် စစ်ဗျူဟာမှူးကို အရှင် ဖမ်းမိ (ရုပ်သံ)

 

D Day News

ဧပြီလ ၁၄

 

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ စိန်လုံတောင်စစ်ဗျူဟာကုန်းစခန်းမှ ထွက်ပြေးနေသည့် စစ်ဗျူ ဟာမှူး ဗိုလ်မှူးကြီးဟိန်းထက်အောင်ဆိုသူကို အရှင်ဖမ်းမိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံက သိရသည်။

 

ဧပြီလ ၁ ရက်နေ့က ဗန်းမော် -လွယ်ဂျယ်လမ်းပေါ်ရှိ စိန်လုံတောင်ဗျူဟာစခန်းအပါအဝင် အကြမ်း ဖက်စစ်တပ်စခန်းအားလုံးကို KIA တပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ဗျူဟာမှူးမှူး အပါအဝင် အကြမ်း ဖက်စစ်သားများမှာ ကျောက်စခန်းသို့ ထွက်ပြေးသွားကြောင်း သိရသည်။

 

https://youtu.be/K0InYsn0pqs

ထိုသို့ထွက်ပြေးသွားသည့် အကြမ်းဖက်စစ်သားများကို လိုက်လံရှင်းလင်းရာ ဧပြီလ ၅ ရက်နေ့တွင် မို့မောက်မြို့နယ်၊ ကျောက်စခန်းအနီး၌ ထိတွေ့တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဧပြီလ ၆ ရက်နေ့တွင် စိန်လုံတောင် ဗျူဟာ စခန်းမှ ထွက်ပြေးသည့် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဟိန်းထက်အောင် အပါ အဝင် ၁၈ ဦးကို အရှင် ဖမ်းမိခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်း ဖက်စစ်သား ၃၀ ခန့်သေဆုံးခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

မြင်းခြံမြို့သိမ်းတိုက်ပွဲဆင်နွှဲတော့မည်ဟု ဗိုလ်မိုက်ခဲပြော (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇွန် ၇   မန္တလေးတိုင်း၊ မြင်းခြံမြို့သိမ်းတိုက်ပွဲ ဆင်နွှဲရန် “ကျားမဲဟိန်းသံ မြို့သို့ညံ” ကမ်ပိန်းပြုလုပ်နေ ကြောင်း  Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်း ဆောင် ဗိုလ်မိုက်ခဲက ပြောဆိုသည်။  ...