Mandalay News

Mandalay News

ညောင်ဦး -မြင်းခြံလမ်းမပေါ်တွင် အတင်းအဓမ္မစစ်မှုထမ်းခိုင်းရန် ပြည်သူ ၁၀၀ ခန့်ကို စစ်ကောင်စီ ပူးပေါင်းအဖွဲ့က ဖမ်းဆီး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၉

 

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ညောင်ဦး-မြင်းခြံလမ်းမပေါ်တွင် ပြည်သူ ၁၀၀ နီးပါးကို အကြမ်း ဖက်စစ်ကောင်စီ ပူးပေါင်းအဖွဲ့က အတင်းအဓမ္မစစ်မှုထမ်းခိုင်းရန် ဖမ်းဆီးသွားကြောင်း ညောင်ဦးမြို့ နယ်ပကဖ ထံမှ သိရသည်။

 

ဒီဇင်ဘာလ ၇ ရက် နံနက်ပိုင်းမှစ၍ ညောင်ဦးမြို့နယ်၊ ညောင်ဦး -မြင်းခြံလမ်းမပေါ် ညောင်ဦးမြို့နှင့် လက်ခြေပေါ်ကြား၌ အကြမ်းဖက်စစ်သား၊ ရဲ၊ အထွေထွေအုပ်ချုပ်ရေးဌာနနှင့် ပြည်သူ့စစ်များ ပူး ပေါင်းပြီး လာသမျှ မိန်းကလေး၊ ယောက်ျားမှန်သမျှကို အကုန်ဖမ်းဆီးသွားရာ ပြည်သူ ၁၀၀ နီးပါး ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်ကြောင်း၊ ထို့သို့ ဖမ်းဆီးသွားသူများကို မည်သည့် နေရာတွင် ထိန်းသိမ်း ထားသည်ကို သိရှိရခြင်းမရှိသဖြင့် မိသားစုဝင်များမှာ စိတ်ပူနေကြရကြောင်း သိရသည်။

 

“ဒီနေ့မနက်ပိုင်းကစလို့ ညောင်ဦးမြို့အရှေ့ဘက် ညောင်ဦးလက်ပံခြေပေါ်ကြားမှာ လာသမျှပြည်သူ ကျား၊ မအကုန် ဖမ်းတာ၊ ၁၀၀ နီးပါးလောက်ဖမ်းခံရတယ်လို့ ကြားတယ်။ ညောင်ဦးမြို့ပေါ်ကို ဖမ်း ခေါ်သွာတယ်လို့တော့ သိရတယ်၊ ဘယ်နေရာမှာ ဖမ်းထားလဲဆိုတာ မသိရဘူး။ ကလေးမိဘတွေ အနေနဲ့က ဘယ်လိုက်လို့ လိုက်ရမှန်း မသိ ဖြစ်နေတယ်။” ဟု ညောင်ဦးမြို့နယ်ပကဖတာဝန်ခံ ကိုဇီး က ပြောကြားသည်။

Photo – အတင်းဓမ္မစစ်မှုထမ်းခိုင်းရန် ဖမ်းဆီးခံရသူများကို စစ်ကောင်စီတပ်သားများက ကြိုဆိုနေစဉ် (ပုံဟောင်း)

ညောင်ဦးမြို့ပေါ်တွင်လည်း လုံခြုံရေးတင်းကြပ်စစ်ဆေးနေပြီး စစ်ကြောင်းလည်း ထိုးနေသော ကြောင့် မိဘပြည်သူများအနေဖြင့် အရေးပေါ်ကိစ္စမှလွှဲ၍ ခရီးသွားလာခြင်းမျိုး မပြုလုပ်ကြပါရန် ညောင်ဦးမြို့နယ်ပကဖက အထူးမေတ္တာရပ်ခံထားသည်။

 

“အခုညောင်ဦးမှာက လူငယ်ချင်းရန်ဖြစ်ရင်လည်း ပြည်သူ့စစ်ထဲ ထည့်တယ်။ အရက်သမား၊ ဆေး သမားတော်တော်များများကိုလည်း အကုန်ဖမ်းပြီး ပြည်သူ့စစ်ထဲထည့်တယ်။ ပြီးရင် လူမှုရေး ပြသနာ တွေဖြစ်တဲ့ မယားခိုးမှု ကျုးလွန်ရင်လည်း ရဲစခန်းရောက်တာနဲ့ တရားမစွဲပဲ ပြည်သူ့စစ်ထဲ တခါ တည်း ထည့်ပေးလိုက်တာ၊ အခုက ဘာအမှုဖြစ်ဖြစ်၊ ဘာအမှုပဲလုပ်လုပ် အကုန်ပြည်သူ့စစ်ထဲ ပို့နေ တာ။ ပြည်သူ့စစ်များများစုဆောင်းပေးနိုင်ရင် ရဲတွေရာထူးတိုးပေးသလို ငွေလည်းရတယ်လို့ သိရပါ တယ်” ဟု ညောင်ဦးမြို့နယ်ပကဖတာဝန်ခံကိုဇီးက ရှင်းပြသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကျောက်မဲမြို့နယ်၊ ပင်ပေါကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု နေအိမ် ၂ လုံး ပျက်စီး

ကျောက်မဲမြို့နယ်၊ ပင်ပေါကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု နေအိမ် ၂ လုံး ပျက်စီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၃ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ပင်ပေါကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြား ရေး ဌာနက ထုတ်ပြန်သည်။ ယနေ့ ဩဂုတ်လ ၁၃ ရက် နံနက်အစောပိုင်း ၁၂ နာရီ ၄၂...