Sagaing News

Sagaing News

စစ်ကိုင်းမြို့နေ ရဲတပ်ကြပ်ကြီး တစ်ဦးကို PDF တပ်ဖွဲ့က နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၉

 

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်နေ ရဲတပ်ကြပ်ကြီးတစ်ဦးကို နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ တယ်လို့ ရတနာပုံ တပ်ဦးတာဝန်ခံ ကိုကီရီက ပြောပါတယ်။

 

မနေ့က (ဒီဇင်ဘာလ ၈ ရက်) မနက် ၁၁ နာရီက စစ်ကိုင်းမြို့ပေါ် ရပ်ကွက်တစ်ခုအတွင်းအထိ ထိုး ဖောက်ဝင်ရောက်ကာ အမှတ် ၃ ရဲလေ့ကျင့်ရေးသင်တန်းကျောင်းမှ ရဲတကက ယဉ်ထွန်းမောင် ကို နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ရဲတကက ယာဉ်ထွန်းမောင်နဲ့ အတူ ၇ ဒသမ ၆၂ ကျည် ၁၈ တောင့်၊ ၅ ဒသမ ၅၆ ကျည် ၃၈ တောင့်၊ လက်ပစ်ဗုံး ၁ လုံး ၊ လက်ထိပ် ၁ ခု၊ ဦးထုတ် ၂ လုံးနဲ့ အပေါ်ယူနီမောင်ဝတ်စုံ ၂ စုံ တို့ကိုပါ သိမ်း ဆည်းရရှိခဲ့တာပါ။

 

“သေချာပြင်ဆင်ပြီးမှ လှုပ်ရှားခဲ့တာဖြစ်တဲ့အတွက် အားလုံးအေးဆေးဖြစ်ခဲ့ပါတယ်။ အိမ်မှာက မိ သားစုတွေရှိပေမယ့် သူ့မိသားစုဝင်ကို ဘာမှမလုပ်ခဲ့ပါဘူး၊ သူတစ်ယောက်တည်းပဲ ဖမ်းလာတာပါ။ လက်နက်ကတော့ သေချာရှာချိန်လည်း မရလို့ မရခဲ့ဘူး။ စခတွေကတော့ စစ်ကိုင်းမြို့ထဲမှာ ကင်း ပတ်နေတာတွေရှိပါတယ်။” လို့ ရတနာပုံ တပ်ဦး တာဝန်ခံ ကိုကီရီက ပြောပါတယ်။

 

အဲဒီဖမ်းဆီးမှုကို Burmese Revolution Force -B.R.F၊ ရတနာပုံတပ်ဦး၊ Brave Soldiers Guerilla Force နဲ့ မဟာမိတ်အဖွဲ့တွေ ပူးပေါင်းကာ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော် တွေ အထိအခိုက်မရှိ အောင်မြင်ခဲ့တယ်လို့ ရတနာပုံတပ်ဦးက ထုတ်ပြန်ထားပါတယ်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဆောမြို့နှင့် ကျောက်ထုအမြောက်တပ်ထဲမှ ထွက်ပြေးလာပြီး ပြည်သူလူထုကို သေနတ် ပစ်ဖောက် ခြိမ်းခြောက်ကာ အရက်လုသောက်သည့် ဒုတပ်ကြပ် ၂ ဦးနှင့် သည့် တပ်ကြပ်ကြီး ၁ ဦးကို ဖမ်းမိ

ဆောမြို့နှင့် ကျောက်ထုအမြောက်တပ်ထဲမှ ထွက်ပြေးလာပြီး ပြည်သူလူထုကို သေနတ် ပစ်ဖောက် ခြိမ်းခြောက်ကာ အရက်လုသောက်သည့် ဒုတပ်ကြပ် ၂ ဦးနှင့် သည့် တပ်ကြပ်ကြီး ၁ ဦးကို ဖမ်းမိ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၃ မကွေးတိုင်း၊ ဆောမြို့နယ်၊ ဆောမြို့နှင့် ကျောက်ထုတပ်တို့ထဲမှ ထွက်ပြေးလာ ပြည်သူလူထုကို သေနတ် ပစ်ဖောက် ခြိမ်းခြောက်ကာ အရက်လုသောက်သည့် ဒုတပ်ကြပ် ၂ ဦးနှင့် သည့် တပ်ကြပ် ကြီး ၁ ဦးကို ဖမ်းမိခဲ့ကြောင်း ယောအလင်းတန်းထံမှ သိရသည်။ အောက်တိုဘာလ...