International News

International News

ယူကရိန်းနိုင်ငံစစ်ရေး အကူအညီအတွက် အမေရိကန်ဒေါ်လာ ၉၈၈ သန်းအထိ ထပ်မံပေးအပ် မည်ဟု ဘိုင်ဒင်အစိုးရ ကြေညာ

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၉

 

ယူကရိန်းနိုင်ငံစစ်ရေးအကူအညီအတွက် အမေရိကန်ဒေါ်လာ ၉၈၈ သန်းထပ်မံပေးအပ်မည်ဟု သမ္မတ ဂျိုးဘိုင်ဒင်အစိုးရ ကြေညာလိုက်တယ်လို့ AI Jazeera သတင်းဌာနက ရေးသားထားပါ တယ်။

 

အခုအထောက်အပံ့ကို ဇန်နဝါရီ​လ ၂၀ ရက်နေ့ အာဏာလွှဲပြောင်းမယ့် အချိန်မတိုင်မီ ပေးအပ် သွား မှာဖြစ်ပြီး နောက်ထပ်တက်လာမယ့် ဒေါ်နယ်ထရမ့်အစိုးရအနေနဲ့လည်း ဆက်လက်ထောက်ပံ့ ပေးပါ ဖို့ လုံခြုံရေးဝန်ကြီး Lloyd Austin က သတိပေးခဲ့တယ်လို့ ဖော်ပြထားတာပါ။

“ယခုအစိုးရက ယူကရိန်းအပေါ် အထောက်အပံ့ပေးဖို့ ကိုယ်တိုင် ဆုံးဖြတ်ပြီး ဖြစ်တယ် ဒီအ ထောက်အပံ့ကို ဆက်လက်တည်ဆောက်မယ်လို့ မျှော်လင့်ပါတယ်” လို့ လုံခြုံရေးဝန်ကြီး Lloyd Austin ပြောပါတယ်။

 

ယူကရိန်းနိုင်ငံအနေနဲ့ ရုရှား လက်နက်ကိုင်ကျူးကျော်မှုကို ဆန့်ကျင်ရင်း အမေရိကန်နိုင်ငံရဲ့ အကာ အကွယ် အထောက်အပံ့ ဆက်လက်ရရှိဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

 

အခုဘိုင်ဒင်အစိုးရရဲ့ အမေရိန်ကန်ဒေါ်လာ ၉၈၈ သန်း အထောက်အပံ့ဟာ ယူကရိန်းနိုင်ငံအတွက် အရေးပါတယ်လို့လည်း ဆိုပါတယ်။

 

နောက်တက်လာမယ့် ဒေါ်နယ်ထရမ့်အစိုးရက ယူကရိန်းအတွက် ရေရှည် အထောက်အပံ့ပေးအပ် မယ်ဆိုတာက သိပ်မျှော်လင့်ချက်မရှိပါဘူး။

 

သမ္မတ ရွေးကောက်ခံ Donald Trump က ယူကရိန်းအပေါ် ထောက်ခံသွားမှာမဟုတ်ဘူးလို့ ထုတ် ဖော်ပြောထားသလို “America First” သွေးစည်းရေး မူဝါဒကို လိုက်နာမယ်လို့ ကြွေးကြော်ထား တာပါ။

 

ထရမ့်က ရွေးကောက်ပွဲ ပြန်လည်အောင်နိုင်ရေး မဲဆွယ်စဉ်က ယူကရိန်းသမ္မတ ဇယ်လန်စကီးကို ပြစ်တင်ခဲ့သလို အခုနှစ်အစောပိုင်း Savannah, Georgia မှာ ပြုလုပ်တဲ့ ပြန်လည်ရွေးကောက်ပွဲမဲ ဆွယ်စဉ်မှာလည်း ယူကရိန်း သမ္မတ Volodymyr Zelenskyy ကို “ကမ္ဘာ့အကောင်းဆုံး စျေးကွက်ရှာ ဖွေရေးအရာရှိ” လို့ ပြစ်တင်ခဲ့ပါတယ်။

 

“ဇယ်လန်စကီးက အမေရိကန်ကို လာရောက်တိုင်း $100 ဘီလျံ ထုတ်ယူသွားတယ်” လို့ Trump က ဟောပြောပြီး မှားယွင်းစွာ ဖန်တီးထားတဲ့ အချက်အလက်တစ်ခုကို ကိုးကားခဲ့တယ်လို့ AI Jazeera သတင်းဌာနက ရေးသားထားတာပါ။

 

ထရမ့်က ယူကရိန်းရေးရာအပေါ် အမေရိကန် ပါဝင်မှုများစွာအတွက် Joe Biden နဲ့ သမ္မတနေရာ အတွက် မျှော်မှန်းထားတဲ့ Kamala Harris တို့ကို အပြစ်တင်ခဲ့သလို “ငါက ယူကရိန်းစစ်ပွဲကို ဖြေရှင်း ပေးပြီး အရှေ့အလယ်ပိုင်းမှာဖြစ်ပေါ်နေတဲ့ အရှုပ်ထုပ်တွေကို အဆုံးသတ်ပေးမယ်” လို့ ထရမ့်က ပြောခဲ့ပါတယ်။

 

“ဘိုင်ဒင်နဲ့ ကာမာလာတို့က အမေရိကန်ကို ယူကရိန်းစစ်ပွဲထဲ ဆွဲထည့်ခဲ့ကြတယ်၊ ခုတော့ သူတို့ အဲဒီကထွက်မရတော့ဘူး၊ငါသမ္မတ မဖြစ်မချင်း အမေရိကန်က စစ်ပွဲထဲ ထိုင်နေရုံပဲ” လို့ ထရမ့်က ထပ်မံ ပြောကြားခဲ့တာပါ။

 

ယူကရိန်းကို ပေးမယ့် ဘိုင်ဒင်အစိုးရရဲ့ အကူအညီထဲမှာ HIMARS (High Mobility Artillery Rocket Systems) အ တွက် စစ်​​ရေး လက်နက်တွေနဲ့ ဒရုန်းတွေပါဝင်တယ်လို့ သိရပါတယ်။

 

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ရုရှားက စစ်ကျူးကျော်စစ် စတင်ချိန်ကစလို့ အမေရိကန်က ယူကရိန်းကို စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၂ ဘီလီယံတန်ဖိုးရှိ စစ်ရေးအကူအညီတွေပေးအပ်ခဲ့သလို အခုအကူ အညီကလည်း Ukraine Security Assistance Initiative (USAI) က ရယူထားတဲ့ အမေရိကန် ဒေါ် လာ ၂ ဒသမ ၂၁ ဘီလီယံတန်ဖိုးက ယူကရိန်းနိုင်ငံ ​ရေရှည်တည်တံ့နိုင်စွမ်းရည်ကို အထောက်အကူ ပြုဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အကြမ်းဖက်စစ်အုပ်စု၏ စနစ်တကျလူ့အခွင့်အရေးချိုးဖောက်မှုကြောင့် ကလေးသူငယ် ၁၂၀၀ ကျော် သေဆုံးခဲ့ရပြီး ကလေးငယ်များ၏ အနာဂတ်မရှိတော့ဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ် စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း သတိပေး

အကြမ်းဖက်စစ်အုပ်စု၏ စနစ်တကျလူ့အခွင့်အရေးချိုးဖောက်မှုကြောင့် ကလေးသူငယ် ၁၂၀၀ ကျော် သေဆုံးခဲ့ရပြီး ကလေးငယ်များ၏ အနာဂတ်မရှိတော့ဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ် စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း သတိပေး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၄ အကြမ်းဖက်စစ်အုပ်စု၏ စနစ်တကျလူ့အခွင့်အရေးချိုးဖောက်မှုကြောင့် ကလေးသူငယ် ၁၂၀၀ ကျော် သေဆုံးခဲ့ရပြီး ကလေးငယ်များ၏ အနာဂတ်မရှိတော့ဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ် စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက သတိပေးပြောဆိုလိုက်သည်။ အောက်တိုဘာလ ၁၃ ရက် နံနက် ၁၀ နာရီက နယူးယောက်မြို့၊...