PNLA News

PNLA News

ဆီဆိုင်မြို့နယ်၊ တွေပူးကျေးရွာ သူကြီးကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၈

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ တွေပူးကျေးရွာ ရွာသူကြီး ဖြားဒုံးကျော်ကို အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသွားကြောင်း PNLA သတင်းနှင့်ပြန် ကြားရေးဌာနထံမှ သိရသည်။

 

ယမန်နေ့ ဒီဇင်ဘာ ၇ ရက် ည ၁၁ နာရီအချိန်က ဆီဆိုင်မြို့နယ် တွေပူးကျေးရွာ ရွာသူကြီး ဖြားဒုံး ကျော်ကို အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ PNOပြည်သူ့စစ်အဖွဲ့ နေအိမ်အတွင်း ဝင်ရောက် ဖမ်းဆီးသွားခြင်းဖြစ်ပြီး မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို သိရှိရခြင်းမရှိသေး‌ သလို အဆက် အသွယ်လည်း ရရှိခြင်းမရှိကြောင်း သိရသည်။

“စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်က ရွာသူကြီးကို ဖမ်းသွားတာ၊ တွေပူးရွာရဲ့ ရွာသူကြီးကို ဖမ်းသွားတာဖြစ်ပါတယ်။ အခုထိအဆက်အသွယ်လည်းမရဘူး။ ပြန်လည်မလွတ်လာသေးဘူးလို့ သတင်းရပါတယ်။ ရွာသူကြီးဆိုတာ ရွာသူ၊ ရွာသားတွေက စုပေါင်းမဲပေးပြီးတော့ ရွေးချယ်ထားတဲ့ ရွာသူကြီးဖြစ်ပါတယ်။ ပအိုဝ်းဒေသမှာ ဒီမိုကရေစီနည်းကျကျ ရွေးချယ်ထားတဲ့ ရပ်ရွာခေါင်း ဆောင်ဖြစ်ပါတယ်။ ဒါမျိုးအလုပ်လုပ်တာက ဒီမိုကရေစီကို သတ်ဖြတ်နေတာနဲ့အတူတူပါပဲ။ ပြီး တော့ရွာသူကြီးရဲ့ အသက်အန္တရာယ်ကိုလည်း စိုးရိမ်နေရပါတယ်” ဟု PNLA သတင်းနှင့်ပြန် ကြားရေးတာဝန်ရှိသူ ခွန်ရိန်းယံက ပြောကြားသည်။

 

ကျေးရွာသူကြီး ဖြားဒုံးကျော်ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို သိရှိနိုင်ရန် ကျေးရွာနေ ပြည်သူများက လိုက်လံ စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

ပြီးခဲ့သည့် ဧပြီလ ၈ ရက်နေ့တွင်လည်း အကြမ်းဖက်စစ်ကောင်စီနှင့်လက်အောက်ခံ PNO ပြည်သူ့ စစ်အဖွဲ့က လက်နက်ကြီးဖြင့် တွေပူးကျေးရွာအတွင်းကို ပစ်ခတ်ခဲ့ရာ ကျောင်းသူတစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တနင်္သာရီမြို့နယ်နှင့် ပုလောမြို့နယ်အတွင်းရှိ စစ်တပ်စခန်းများကို ထိုးစစ်ဆင်ခိုက်ခိုက်မည်ဟု ဗျူဟာ ၃၅ ကြေညာ

တနင်္သာရီမြို့နယ်နှင့် ပုလောမြို့နယ်အတွင်းရှိ စစ်တပ်စခန်းများကို ထိုးစစ်ဆင်ခိုက်ခိုက်မည်ဟု ဗျူဟာ ၃၅ ကြေညာ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၃ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်နှင့် ပုလောမြို့နယ်တို့အတွင်းရှိ စစ်တပ်စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တနင်္သာရီတိုင်း စစ်ဌာန ကွက်ကဲ မှုအောက်ရှိ ဗျူဟာ ၃၅ က ကြေညာသည်။ တနင်္သာရီတိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ နည်းဗျူဟာ (၃၅) နယ်မြေဖြစ်သည့် ပုလော မြို့နယ်နှင့် တနင်္သာရီမြို့နယ်တို့တွင်...