Tanintharyi News

Tanintharyi News

ဘုတ်ပြင်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်း ၂ ခုက တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့စခန်းတစ်ခုကို ဝင် ရောက်စီးနင်း၊ အသင့်မိုင်းထောင်တိုက်ခိုက်မှုကြောင့် စစ်သားများ ထိခိုက်သေဆုံးမှုရှိ

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၈

 

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ချောင်းမွန်ကျေးရွာအနီး ရှိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဂိတ်စခန်းတစ်ခုကို အကြမ်းဖက်စစ်တပ် စစ်ကြောင်း ၂ ခုက စီးနင်း တိုက်ခိုက်ခဲ့သဖြင့် အသင့်မိုင်းထောင်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားများ  ထိခိုက်သေဆုံးမှုရှိတယ်လို့ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ထံက သိရပါတယ်။

 

ဒီဇင်ဘာလ ၁ ရက် မနက် ၇ နာရီ ၄၀ မိနစ်အချိန်က ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ချောင်း မွန်ကျေးရွာအနီးရှိ ဘုတ်ပြင်းမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ KNLA အမှတ် ၂၀၃ တပ်ရင်း၊ အမှတ် ၄ တပ်ခွဲမှ တပ်ဖွဲ့ဝင်များနှင့် KTLA အမှတ် ၁၁၄ တပ်ရင်း၊ အမှတ် ၃ တပ်ခွဲမှ တပ်ဖွဲ့ဝင်များ ပူးပေါင်းတာဝန်ယူဆောင်ရွက်နေသော R Zero ဂိတ်ကို အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်း ၂ ခုက ပူးညှပ်ကြီး စီးနင်းတိုက်ခိုက်ခဲ့တာပါ။

အကြမ်းဖက်စစ်တပ် စစ်ကြောင်း ၂ ခုဟာ ဘုတ်ပြင်းမြို့နယ်၊ ဘုတ်ပြင်းတပ်နယ်ကနေ လေ ညာတပ် နယ်ကို တပ်သားသစ်များပို့ဖို့ လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် အင်အား ၄၅ ဦးပါ စစ်ကြောင်းနဲ့ အဲဒီ စစ်ကြောင်းကို လာရောက်ကြိုဆိုတဲ့ လေညာတပ်နယ်က အင်အား ၃၀ ခန့်ပါ စစ်ကြောင်းတို့ ဖြစ်ပါတယ်။

 

အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာအပြင် အီနာဂါ ဗုံးသီး ၂ လုံးချိတ်ဆွဲထားသော ဒရုန်းတွေနဲ့ ဝိုင်းဝန်းတိုက်ခိုက်ခဲ့တဲ့အတွက် တော်လှန်ရေး တပ်ဖွဲ့ဝင်တွေက ၁၅ မိနစ်ခန့်သာ အချိန်ယူပစ်ခတ်ပြီး အဝေးထိန်းမိုင်းတွေပြင်ဆင်ဆင်ကာ အထိ အခိုက်မရှိ ဆုတ်ခွာပေးလိုက်တယ်လို့ ဆိုပါတယ်။

 

“သေဆုံးထိခိုက်မှုကတော့ မသိရဘူး၊ ဖြစ်တဲ့နေ့ လူအသွားအလာပြတ်နေတော့ ကျနော်တို့လည်း အတည်ပြုဖို့ခက်တယ်။ အခုခွေးတွေက သူတို့လှုပ်ရှားတဲ့ အချိန် ပြည်သူတွေ အသိမခံတော့ဘူး။ ဂိတ်မှာတော့ ကျနော်တို့ ပူးပေါင်းအဖွဲ့တွေ ပြန်ထိုင်နေပါတယ်။ မိဘပြည်သူတွေအနေနဲ့လည်း စစ် ကြောင်းလာတဲ့အချိန် ဝေးဝေးမှာ နေပေးဖို့ တိုက်တွန်းချင်ပါတယ်” လို့ဘုတ်ပြင်းမြို့နယ် ပြည်သူ့ ရဲတပ်ဖွဲ့မှ ဒုရဲအုပ်လပြည့်က ပြောပါတယ်။

 

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဆုတ်ခွာပြီးနောက် အကြမ်းဖက်စစ်သားတွေက ပူးပေါင်းတပ်ဖွဲ့ဂိတ်ကို ဝင်ရောက်ရှင်းလင်းချိန် အသင့်ထောင်ထားတဲ့ နင်းမိုင်းပေါက်ကွဲ၊ အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာတွေက ထိခိုက်သေဆုံးမှုရှိပေမယ့် စုံစမ်းလို့မရသေးပါဘူး။

 

အဲဒီတိုက်ပွဲဖြစ်စဉ်ဟာ တော်လှန်ရေးအဖွဲ့အစည်းများဖြစ်ကြသည့် ဘုတ်ပြင်းမြို့နယ်ပြည်သူ့ ရဲတပ် ဖွဲ့၊ KNLA အမှတ် ၂၀၃ တပ်ရင်း၊ အမှတ် ၄ တပ်ခွဲ၊ KTLA အမှတ် ၁၁၄ တပ်ရင်း၊ အမှတ် ၃ တပ်ခွဲတို့ နဲ့သာ သက်ဆိုင်ပြီး ဒေသနေပြည်သူလူထုနဲ့ လုံးဝ(လုံးဝ) သက်ဆိုင်မှုမရှိပါဘူးလို့ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့က ပြောဆိုထားပါတယ်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
TNLA News

TNLA News

မိုးကုတ်မြို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု သံဃာ ၁ ပါး၊ ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၁၂ ဦး‌ သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရ၊ နေအိမ် ၁၀ လုံး၊ ကား ၃ စီးနှင့် ဆိုင်...