Myawaddy News

မြဝတီမြို့သို့တက်လာသည့် စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်သား ၃၀ ခန့် သေဆုံးပြီး တင့်ကား ၁ စီးအပါအဝင် ၂ စီး ထက်မနည်းပျက်စီး (ရုပ်သံ)

 

D Day News

ဧပြီလ ၁၃

 

ကရင်ပြည်နယ်၊ မြဝတီမြို့သို့ စစ်ကူပေးရန် ချီတက်လာသည့် အကြမ်းဖက်စစ်ယာဉ်တန်းကို ကြား ဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃၀ ခန့် သေဆုံးပြီး တင့်ကား ၁ စီးအပါအဝင် ၂ စီးပျက်စီးခဲ့ ကြောင်း ကျားဖြူစစ်ကြောင်းထံမှ သိရသည်။

 

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကစ၍ KNU/KNLA ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ထားသည့် မြဝတီမြို့ကို ပြန်လည် ရယူနိုင်ရန်အတွက် ကော့ကရိတ်မြို့ရှိ အကြမ်းဖက်စစ်တပ်အတွင်းမှ ရာချီသော အကြမ်း ဖက် စစ်သားများသည် တင့်ကား၊ ဖောကား များဖြင့် လေကြောင်း၊ လက်နက်ကြီးပစ်ကူယူကာ ချီ တက်လာခဲ့ကြောင်း၊ ထိုသို့ ချီတက်လာသည့် စစ်ကူစစ်ကြောင်းကို KNLA ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်လျက်ရှိရာ ဧပြီလ ၁၁ ရက်နေ့မှ စ၍ ယနေ့ ဧပြီလ ၁၃ ရက်နေ့အထိ အကြမ်း ဖက်စစ်သား ၃၀ ခန့်သေဆုံးပြီး တင့်ကား ၁ စီး၊ ဖောကား ၁ စီး ပျက်စီးသည်ကို မျက်မြင်တွေ့ ရှိခဲ့ကြောင်း သိရသည်။

 

https://youtu.be/OHjx024XAGA

“အခု အာရှလမ်းကိုတက်နေတယ်၊ စစ်ခွေးတွေ မနေ့ကလည်း ကျတယ်၊ ဒီနေ့လည်း ကျတယ်၊တင့် ကား တစ်စီး၊ ဖောကားတစ်စီး ပျက်စီးတယ်၊အဲဒါကတော့ မျက်မြင်ပေါ့၊ အာရှလမ်းအတက်မှာ ကျန်ခဲ့ တာ။ ကျန်တဲ့ လမ်းပိုင်း မှာလည်း ကျန်ခဲ့နိုင်တယ်။ ခွေးသေကတော့ ခန့်မှန်းခြေ ၂၀ ၊ ၃၀ လောက် တော့ရှိမယ်။ ခွေးတွေက ဆက်တက်လာနေတုန်းပဲ၊ သူတို့ လည်း ဒီတစ်ချီတော့ မီးကုန်ယမ်းကုန် ထိုး မယ့် သဘောပဲ၊ အဲလိုတွက်မိတာပေါ့။ Y12 လေယာဉ်နဲ့ တောက်လျှောက်နီးပါးခေါင်းပေါ် ပျံဝဲနေ တာ။ Y12 လေယာဉ်ပြန်ထွက်ရင် လက်နက်ကြီးနဲ့ ပစ် တယ်လို့ သိရ တယ်။” ဟု ကျားဖြူ စစ် ကြောင်း မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ထိုသို့ စစ်ကြောင်းထိုးလာစဉ် လေကြောင်းမှ Y12 လေယာဉ်ဖြင့် ပျံဝဲကင်းယူပေးသည့်အပြင် လက် နက်ကြီးများဖြင့်လည်း ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့်ကော့က ရိတ်မြို့နယ်၊ မောင်းမရွာသစ်ကျေးရွာနေ အမျိုသမီးတစ်ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ယင်းအကြမ်းဖက်စစ်ကူစစ်ကြောင်းသည် ယခုအခါ ကော့ကရိတ်မြို့နယ်၊ ကော့နွဲကျေး ရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာအနီးရှိ အာရှလမ်းမတောင်ခြေသို့ ရောက်ရှိနေပြီးဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်​ကောင်စီ၏ ရွေးကောက်ပွဲ ထောင်ချောက်ကို စုစည်းညီညွတ်စွာဖြင့် ကျော်လွှားကြရန် NUG တိုက်တွန်း (ရုပ်သံ)

စစ်​ကောင်စီ၏ ရွေးကောက်ပွဲ ထောင်ချောက်ကို စုစည်းညီညွတ်စွာဖြင့် ကျော်လွှားကြရန် NUG တိုက်တွန်း (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၀ အကြမ်းဖက်စစ်ကောင်စီ ရွေးကောက်ပွဲထောင်ချောက်ကို တော်လှန်ရေးအင်အားစုများအနေဖြင့် စုစည်းညီညွတ်စွာ လက်တွဲပြီး ကျော်ကြားပါရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စု ဝန် ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားသည်။ ယနေ့ ဩဂုတ်လ ၂၀ ရက်နေ့တွင် ပုံမှန်ပြုလုပ်နေကြဖြစ်သည့် ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းပြောကြားခြင်းအစီ အစဉ်တွင်...