Magway News

Magway News

ကျောက်ထုမြို့အမြောက်တပ်က ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၁၀ နှစ် အရွယ် မိန်းကလေး ၃ ဦးဒဏ်ရာရ

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၆

 

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုမြို့အမြောက်တပ်ကနေ ၁၂၀ မမ လက်နက်ကြီးနဲ့ ရမ်းသမ်း ပစ်ခတ်ခဲ့လို့ မိန်းကလေးငယ် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ယောအလင်းတန်းထံက နေသိရပါတယ်။

 

ဒီနေ့ (ဒီဇင်ဘာလ ၆ ရက်) မနက် ၈ နာရီ ၃၀ မိနစ်အချိန်က ကျောက်ထုမြို့အမြောက်တပ်ကနေ ပစ်ခတ် လိုက်တဲ့ ၁၂၀ မမ လက်နက်ကြီးတစ်လုံးဟာ ကျောက်ထုမြို့မြောက်ဘက်မှာရှိတဲ့ တေးရွာ အတွင်းကို ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အသက် ၁၀ နှစ်အရွယ် မိန်းကလေး ၃ ဦး ထိခိုက်ဒဏ် ရာ ရှိခဲ့တာဖြစ်ပါတယ်။

 

ထိခိုက် ဒဏ်ရာရရှိတဲ့ ကလေးငယ်တွေဟာ ကျောင်းတက်နေသူတွေဖြစ်ပြီး အချိန်မီဆေးဝါကုသမှု ပေးနိုင်ခဲ့လို့ စိုးရိမ်စရာမရှိတော့ဘူးလို့ သိရပါတယ်။

“မနက် ၅ နာရီလောက်ကတည်းက ပစ်နေတာ၊ မနက် ၈ နာရီခွဲလောက်အထိပဲ၊ လက်နက်ကြီးတွေ က ရွာအနီးအနားပတ်ဝန်းကျင်တောတောင်တွေထဲကျတယ်။ ရွာထဲတော့ တစ်လုံးပဲ လာကျတာ၊ အဲဒီတစ်လုံးက ပဲ ကလေး ၃ ယောက်နဲ့ နွားတစ်ကောင်ထိတာ၊ စိုးရိမ်စရာတော့မရှိတော့ပါဘူး။ ကလေးတွေက ၃ တန်း၊ ၄ တန်းတက်နေကြတဲ့ကလေးတွေပါ။” ဟု ဒေသနေပြည်သူတစ်ဦးက ရှင်းပြပါတယ်။

 

အကြမ်းဖက်စစ်တပ်က ပစ်ခတ်ခဲ့တဲ့ ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတာ ကြောင့် ပြည်သူပိုင် ခိုင်းနွားတစ်ကောင်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သလို နေအိမ်အချို့လည်း ထိခိုက် ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Yangon News

Yangon News

ရန်ကုန်မြို့ပေါ်ရှိ တောင်ဒဂုံမြို့နယ် လဝက ရုံးကို ပြင်းအားမြင့်လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှု စစ်သား များ ထိခိုက်မှုရှိနိုင်   သံလွင်မြန်မာသတင်း ဩဂုတ်လ ၃   ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်လဝကရုံးကို ပြင်းအားမြင့် လက်ပစ်ဗုံးများဖြင့် ပစ်ခတ်ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိနိုင်ကြောင်း Yangon Army ထံမှ...