Sagaing News

Sagaing News

ကနီမြို့နယ်၊ နတ်ကြီးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်တပ် လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၅

 

စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ်၊ နတ်ကြီးရွာအနီးကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသနေပြည်သူတွေထံက သိရပါတယ်။

 

မနေ့က ဒီဇင်ဘာလ ၃ ရက် ညပိုင်းက ကနီမြို့နဲ့ ၄ မိုင်ခန့်အကွာရှိ နတ်ကြီးကျေးရွာအနီးမှာ တိုက် ပွဲဖြစ်ပွားခြင်းမရှိပဲ မိတ္ထီလာမြို့ နဲ့ တံတားဦးမြို့လေဆိပ်တွေကနေ တက်လာသော တိုက်လေ ယာဉ် တွေနဲ့ ၃ ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

 

အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုကို ကြိုတင်သိရှိထားကြလို့ ပြည်သူတွေရှောင်ရှား နေ လိုက်တဲ့ အတွက် လူထိခိုက်မှုမရှိဘူးလို့ ဒေသနေပြည်သူတစ်ဦးက ပြောပါတယ်။

“လာရောက်တိုက်ခိုက်တဲ့ လေယာဉ်တွေ မိထ္တိလာနဲ့ တံတားဦတပ် လေယာဉ်တွေ ဖြစ်တယ်လို့ သိရ တယ်။ နေ့ခင်းပိုင်း‌လောက်ကတည်းက ကင်းထောက် လေယာဉ်နဲ့ ပတ်ပြီးကင်းထောက်တယ်။ ည ပိုင်း ၇ နာရီကျော် ကျော်အချိန်ကြတော့ တစ်ခေါက် ပစ်တယ်။ ၈ နာရီကျော်တော့ တစ်ခေါက်နဲ့ ည ၁၁ နာရီကျော်တော့ တစ်ခေါက် စုစုပေါင်း ၃ ခေါက် လာပြီး ဗုံးကျဲ ပစ်ခတ်သွားတာ။ ရွာတောင်ပိုင်း ရုန်းပင်ဆိပ်ကမ်းက ကုက္ကိုပင်ကြီးအနီးနဲ့ ရွာအရှေ့ တောင်ဘက်ကို ပစ်ခတ်ဗုံးကျဲသွားတာ။ ပြည်သူ တွေကတော့ ကြိုရှောင်ထားလို့ အထိခိုက်တာ့မရှိခဲ့ဘူး” ဟု နတ်ကြီးရွာနေပြည်သူ တစ်ဦးက ရှင်းပြ ပါတယ်။

 

ပြီးခဲ့တဲ့ မတ်လ ၅ ရက်၊ ၁၈ ရက်နဲ့ ၂၉ ရက်နေ့တွေတုန်းကလည်း အကြမ်းဖက်စစ်ကောင်စီတပ်က နတ်ကြီးကျေးရွာကို တိုက်လေယာဉ်နဲ့ ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်ခဲ့ဖူးတယ်လို့ သိရပါတယ်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သံဖြူဇရပ် -ရေး အမြန်လမ်းမပေါ်တွင် စစ်ကောင်စီရွေးကောက်ပွဲအတွက် သင်တန်းတက်ရန် သွား ရောက်သည့် Non CDM ကျောင်းဆရာမ ၄ ဦးကို ထိန်းသိမ်းစစ်ဆေးပြီး ခံဝန်ကတိရေးထိုးကာ မိသား စု ထံပြန်လည်အပ်နှံ

သံဖြူဇရပ် -ရေး အမြန်လမ်းမပေါ်တွင် စစ်ကောင်စီရွေးကောက်ပွဲအတွက် သင်တန်းတက်ရန် သွား ရောက်သည့် Non CDM ကျောင်းဆရာမ ၄ ဦးကို ထိန်းသိမ်းစစ်ဆေးပြီး ခံဝန်ကတိရေးထိုးကာ မိသား စု ထံပြန်လည်အပ်နှံ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၅ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဝဲခမီကျေးရွာအနီး သံဖြူဇရပ် -ရေးလမ်းမပေါ်တွင် စစ်ကောင်စီ၏ ရွေး‌ ကောက်ပွဲအတွက် သင်တန်းတက်ရန် သွားရောက်သည့် Non CDM ကျောင်းဆရာမ ၄ ဦးကို ထိန်း သိမ်းစစ်ဆေးပြီး ခံဝန်ကတိရေးထိုးကာ မိသားစုထံ ပြန်လည်အပ်နှံခဲ့ကြောင်း မွန်ပြည်တော်လှန်ရေး တပ်...