Mandalay News

Mandalay News

နွားထိုးကြီးမြို့နယ်၊ ပြင်စည်လျှပ်စစ်ဓာတ်အားခွဲရုံ၊ ရဲစခန်းနှင့်စာသင်ကျောင်းရှိ စစ်သားများကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၄

 

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ပြင်စည်လျှပ်စစ်ဓာတ်အားခွဲရုံ၊ ရဲစခန်းနှင့်စာသင်ကျောင်းရှိ စစ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း နွားထိုးကြီး PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ဒီဇင်ဘာလ ၂ ရက် နံနက် ၆ နာရီခန့်က အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားသော နွားထိုးကြီးမြို့နယ်၊ ပြင်စည်လျှပ်စစ်ဓာတ်အားခွဲရုံရှိ အကြမ်း ဖက်စစ်သားများကို ဒရုန်းဖြင့် ၄ ကြိမ် ဗုံးကျုဲတိုက်ခိုက်ခဲ့ပြီး မြေပြင်ရှိတော်လှန်ရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်အနီးကပ်ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်ကူပေးနိုင်သည့် ပြင်စည်ရဲစခန်းနှင့် စစ်သားများအထိုင်ချတပ်စွဲထားရာ စာသင်ကျောင်း ကိုလည်း ၆၀ မမ လက်နက်ကြီးဖြင့် ၅ ကြိမ်၊ ဒရုန်းဖြင့် ၂ ကြိမ် ဗုံးကျဲတိုက်ခိုက်ကာ ဖြတ်တောက်ခဲ့ သော်လည်း တိုက်ပွဲ ၁ နာရီခွဲ ခန့်အကြာ ရန်ကုန် -မန္တလေး အမြန်လမ်းမပေါ်မှ စစ်သားများ စစ်ကူ ရောက်ရှိလာခဲ့သဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရခြင်းဖြစ်ကြောင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ် သား ၇ ဦးသေဆုံးကာ ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း၊ အမှတ် ၁၀ တပ်ရင်း နှင့် MDDS တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သော်လည်း Fixed Wings Drone ၂ စီးဆုံးရှုံးခဲ့ကြောင်း နွား ထိုးကြီး PDF က ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ပလမြို့သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို စစ်သား ၅၃ ဦးသေဆုံးပြီး တော်လှန်ရေးတပ် ဖွဲ့ဝင် ၄ ဦးကျဆုံး၊ စစ်တပ်ကလေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် သံ ဃာတော် ၂ ပါးနှင့် ပြည်သူ ၁၈ ဦးသေဆုံး

ပလမြို့သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို စစ်သား ၅၃ ဦးသေဆုံးပြီး တော်လှန်ရေးတပ် ဖွဲ့ဝင် ၄ ဦးကျဆုံး၊ စစ်တပ်ကလေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် သံ ဃာတော် ၂ ပါးနှင့် ပြည်သူ ၁၈ ဦးသေဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၆ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက် ချေမှုန်းခဲ့ရာ စစ်သား ၅၃ ဦးသေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၄ ဦးကျဆုံးကာ စစ်တပ်က လေ ကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သံဃာတော် ၂ ပါးနှင့် ပြည်သူ...