International News

International News

စင်္ကာပူအစိုးရက စီးပွားရေးအဆင်မပြေတဲ့ မိသားစုတွေကို အထူးအစီအစဉ်နဲ့ ငွေကြေး ထောက်ပံ့၊ အသက် ၂၁ နှစ်အထက်ရှိ ပြည်သူများ SGD ၂၀၀ မှ ၂၀၀၀ အထိ ရရှိမည်

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၄

 

စင်္ကာပူနိုင်ငံအစိုးရက စီးပွားရေး အဆင်မပြေတဲ့ မိသားစုတွေကို အထူးအစီအစဉ်နဲ့ ငွေကြေး ထောက်ပံ့ ပေးသွားမည်ဖြစ်ရာ အသက် ၂၁ နှစ် အရွယ် အထက် ရှိပြည်သူတွေ SGD ဒေါ်လာ ၂၀၀ ကနေ ၂၀၀၀ အထိ ရရှိမှာဖြစ်တယ်လို့The independent singapore Website က ရေး သား ထားပါတယ်။

 

ဒီအစီအစဉ်ကို မနေ့က ဒီဇင်ဘာလ ၃ ရက်နေ့ကစတင်လုပ်ဆောင်နေတာဖြစ်ပြီး စင်ကာပူအစိုးရရဲ့ Assurance Package အစီအစဉ်အရ နိုင်ငံသား ပြည်သူ ၂ ဒသမ ၉ သန်းရဲ့ အသက်မွေးဝမ်းကျောင်း စရိတ် လျော့ချပေးဖို့၊ ကျန်းမာရေး ကုန်ကျ စရိတ်တွေ ဖြေရှင်းနဲ့ အနာဂတ်လစာစနစ်တွေအတွက် စုဆောင်းမှုတွေ တိုးမြှင့်ဖို့ အတွက် ထောက်ပံ့ပေးတာဖြစ်တယ်လို့ ဆိုပါတယ်။

Assurance Package အစီအစဉ်အရ အသက် ၂၁ နှစ်အထက်ရှိသူတွေကို ၂၀၂၂ ခုနှစ် အခွန်ဝင်ငွေနဲ့ မိသားစု လူဦးရေအပေါ် အခြေအနေ အပေါ်မူတည်ကာ SGD $ 200 ကနေ $ 600 အထိ ကွဲပြား သွားမှာဖြစ်ပြီး ငွေသားပေးချေမှုကိုတော့ SMS ကနေ အကြောင်းကြားပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

၁၉၇၃ ခုနှစ် မတိုင်မီမွေးဖွားခဲ့သူတွေကိုတော့ အသက်အရွယ် အလိုက်ထောက်ပံ့မှုအဖြစ် MediSave အစီအစဉ်အဖြစ် SGD $1,250 ကနေ $2,000 အထိ တစ်ကြိမ်ထပ်မံပေးအပ်သွားမှာဖြစ်ပါတယ်။

 

အသက် ၅၀ ကနေ ၇၀ ကြားရှိသူတွေကို Retirement Savings Bonus ဖြစ်တဲ့ SGD $1,000 ကနေ $1,500 ပမာဏကို Central Provident Fund (CPF) မှာ ထည့်သွင်းပေးသွားမှာဖြစ်တယ်လို့ အသိ ပေးထားပါတယ်။

 

လုံခြုံရေးအရ ပေးပို့လာတဲ့ SMS က link ကို မနှိပ်ဖို့၊ အသိပေးချက်တွေကိုသာ ဖတ်ရှုဖို့နဲ့ အချက် အလက်တွေကို WhatsApp သို့မဟုတ် အခြား social media တွေကို မပေးပို့ဖို့လည်း အသိပေးထား ပါတယ်။

 

သက်ဆိုင်သူတွေအနေနဲ့  govbenefits.gov.sg မှာ Singpass နဲ့ ဝင်ရောက်ကာ ငွေပေးချေမှုအတွက် အခမဲ့ စစ်ဆေးနိုင်တယ်လို့ သိရပါတယ်။

Thanlwin Myamar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ လိုခါးလိုဆေးရုံကို စစ်တပ်က ၂ ရက်ဆက်တိုက် လေကြောင်း ကင်းထောက်ပြီး ဗုံးကျဲတိုက်ခိုက်မှု ကလေးတစ်ဦးအပါအဝင် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံပျက်စီး

ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ လိုခါးလိုဆေးရုံကို စစ်တပ်က ၂ ရက်ဆက်တိုက် လေကြောင်း ကင်းထောက်ပြီး ဗုံးကျဲတိုက်ခိုက်မှု ကလေးတစ်ဦးအပါအဝင် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံပျက်စီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၇ ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ လိုခါးလိုဆေးရုံကို အကြမ်းဖက်စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် လေကြောင်း ကင်းထောက်ပြီး ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကလေး တစ်ဦးအပါအဝင် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ ဆေးရုံပျက်စီးသွားကြောင်း ဒေသနေပြည်သူများထံက သိရ သည်။ ယနေ့ ဩဂုတ်လ...