Yangon News

Yangon News

လှိုင်သာယာမြို့နယ်နှင့်ရွှေပြည်သာမြို့နယ်ရှိ တရုတ်ပိုင်စက်ရုံနှစ်ခုကို သတိပေးဖောက်ခွဲတိုက်ခိုက်

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၄

 

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့ရှိ တရုတ်ပိုင် စက်ရုံနှစ်ခုကို လူထိခိုက်မှုမ မရှိစေသည့် ဗုံးများဖြင့် ဖောက်ခွဲသတိပေးခဲ့ကြောင်း The Grand Unsung – TGU မြို့ပြပြောက်ကျား တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

 

ဒီဇင်ဘာလ ၂ ရက် ည ၇ နာရီအချိန်က အကြမ်းဖက်စစ်ကောင်စီနှင့်ပူးပေါင်းကာ မြန်မာအလုပ် သမားများ အပေါ်ဖိနှိပ်နေသော ရန်ကုန်မြို့ ၊ လှိုင်သာယာမြို့နယ်ရှိ တရုတ်ပိုင် Thun Than Win ဖိနပ်စက်ရုံ နှင့် ရွှေပြည်သာမြို့နယ်၊ သာဓုကံ စက်မှုဇုံရှိ တရုတ်ပိုင် ပေါင်ချိန်စက်ရုံတို့အား သတိပေး သည့်အနေဖြင့် လူထိခိုက်မှုနည်းသော ဗုံးအမျိုးအစားကို အသုံးပြုရ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းစက်ရုံများသည် မြန်မာအလုပ်သမားများအပေါ် ခေါင်းပုံဖြတ်ဖိနှပ်ခြင်း ၊ စစ်တပ်နှင့်ပူးပေါင်း၍ လူအခွင့်အရေးများချိုးဖောက်နေခြင်း ၊ အာဏာသိမ်းစစ်ကောင်စီအား ထောက်ပံ့နေခြင်းတို့ကြောင့် ရပ်တန်းက ရပ်ရန် လူထုကိုမျက်နှာမူ၍ သတိပေးဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေး ထားသည်။

 

ထပ်မံကျူးလွန်ပါက ယခုကဲ့သို့ သတိပေးနေမည်မဟုတ်ဘဲ စစ်တပ်နှင့်ပူးပေါင်းပြီးအလုပ်သမားထု ကို ဖိနှိပ်နေသော မည်သူကိုမဆို ပစ်မှတ်ထားကာ ပြင်းအားမြင့်မိုင်းများဖြင့် ထိရောက်စွာ တိုက်ခိုက် သွားမည်ဖြစ်ကြောင်း၊ ထိုနည်းတူ တရုတ်အစိုးရအနေဖြင့် မြန်မာ့တော်လှန်ရေးအင်အားစုများကို ထပ်မံ ဖိနှိပ်ခြိမ်းခြောက်ပါက စစ်တပ်နှင့်ပူးပေါင်းနေသော တရုတ်လုပ်ငန်းစုများကို မှတ်သားထားပြီး လိုအပ်သလိုအရေးယူသွားမည်ဖြစ်ကြောင်း The Grand Unsung (TGU)က ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၉ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းကျေးရွာများကို အကြမ်းဖက် စစ်တပ် က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ရေတာရှည်မြို့နယ် အခြေစိုက် တပ်ရင်း ၃၅၀၄ ထံမှ သိရသည်။...