Mandalay News

Mandalay News

မတ္တရာမြို့နယ်၊ အရှေ့ခြမ်းရှိ မြို့ကုန်းကျေးရွာကို ဝင်ရောက်လာသည့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား အလောင်း ၇ လောင်းနှင့် သုံ့ပန်းတစ်ဦးဖမ်းမိ

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၄

 

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်းရှိမြို့ကုန်းကျေးရွာကို ဝင်ရောက်လာတဲ့ အကြမ်းဖက် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား အလောင်း ၇ လောင်းနဲ့ စစ်သုံ့ပန်းတစ်ဦးဖမ်းမိထားတယ်လို့ မန္တလေး PDF တပ်ဖွဲ့က ပြောပါတယ်။

 

ဒီဇင်ဘာလ ၂ ရက်ညပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ ထိန်းချုပ်စိုးမိုးထားတဲ့ မတ္တရာမြို့နယ် အရှေ့ ဘက် ခြမ်းရှိ မြိုကုန်းကျေးရွာကို အင်အား ၈၀ ခန့်နဲ့ ဝင်ရောက်လာတဲ့ အ ကြမ်း ဖက်စစ်ကောင်စီ စစ်ကြောင်းအား တိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာလ ၃ ရက်နေ့ တနေကုန်တိုက်ပွဲဖြစ် ခဲ့ကာ ညနေပိုင်းမှာ စစ်ကောင်စီတပ် စစ်ကြောင်းက ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်သုံ့ပန်းတစ်ဦး ဖမ်းမိကာ တိုက်ပွဲဖြစ်ပွားရာနေရာကို နယ်မြေရှင်းလင်းစဉ် စစ် သား အလောင်း ၇ လောင်းနဲ့ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

 

“အင်အား ၈၀ လောက်နဲ့ စစ်ကြောင်းထိုးလာတာပါ၊ မြေပြင်စစ်ကြောင်းပါပဲ၊ လေကြောင်းတော့ မလာဘူး။ မတ္တရာမြို့နယ်ဘက်ကို ပြန်ဆုတ်သွားပါတယ်”လို့ မန္တလေး PDF တပ်ဖွဲ့ ပြောရေးဆိုခွင့် ရှိသူ ကိုအော်စမွန်က ရှင်းပြပါတယ်။

 

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တို့ အကြား မတ္တရာမြို့ နယ် ၊ သပိတ်ကျင်းမြို့နယ်နဲ့ နောင်ချိုမြို့နယ်တို့မှာလည်း နေ့စဉ်တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မော်လိုက်မြို့နယ်၊ ထော်သာပျူစခန်းကို သိမ်းပိုက်မှု စစ်သား၊ ပျူ ၃ ဦးသေဆုံးပြီး ပျူခေါင်းဆောင် အဲပါ အပါအဝင် ၁၉၀ ဦးကျော်ကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိ

မော်လိုက်မြို့နယ်၊ ထော်သာပျူစခန်းကို သိမ်းပိုက်မှု စစ်သား၊ ပျူ ၃ ဦးသေဆုံးပြီး ပျူခေါင်းဆောင် အဲပါ အပါအဝင် ၁၉၀ ဦးကျော်ကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၀ စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ ထော်သာ ပျူစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၊ ပျူ ၃ ဦး သေဆုံးပြီး ပျူစောထီးခေါင်းဆောင် အဲပါ အပါအဝင် ၁၉၀ ဦးကျော် ဖမ်းမိခဲ့ကြောင်း အမှတ် ၁ စစ် ဒေသက ထုတ်ပြန်သည်။...