Yangon News

Yangon News

ရွှေပြည်သာနယ်ရှိ ရဲမှူး မိုးညိရဲ့ နေအိမ်ကို မိုင်းခွဲတိုက်ခိုက်မှု ရဲမှူးပိုင် ဟွန်ဒါဖစ် အိမ်စီးကား မီးလောင်ပြာကျ

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂

 

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ အမှတ်၁၃ ရပ်ကွက်မှာ နေထိုင်တဲ့ စစ်ကောင်စီလက် အောက်ခံ ရဲမှူး မိုးညိုရဲ့ နေအိမ်ကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ရဲမှူးမိုးညိုပိုင် ဟွန်ဒါဖစ် အိမ်စီးကား မီးလောင်ပြာကျ သွားတယ်လို့ Black Tiger Team က ထုတ်ပြန်ပါတယ်။

 

မနေ့ (ဒီဇင်ဘာလ ၂ ရက်) က ညနေ ၆ နာရီခွဲအချိန် ရွှေပြည်သာမြို့နယ်၊ အမှတ် ၁၃ ရပ်ကွက်မှာ နေထိုင်တဲ့ ရဲမှူး မိုးညိုရဲ့ နေအိမ်မှာ ရဲမှူး မိုးညိုနဲ့အပေါင်းပါတွေ ရှိနေချိန် ပြင်းအားမြှင့် အဝေးထိန်း မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ရဲမှူး မိုးညိုပိုင် ဟွန်ဒါဖစ် အိမ်စီးကားမှာ မီးလောင်ကျွမ်းပြာကျ သွားတယ်လို့ သိရပါတယ်။

 

ဖောက်ခွဲတိုက်ခိုကမှုကိုတော့ ရန်ကုန်မြို့ပြ ပြောက်ကျားတပ်ဖွဲ့တွေဖြစ်တဲ့ The Grand Unsung နဲ့ Black Tiger Team တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

 

ရန်ကုန်မြို့ ပြ ပြောက်ကျားတပ်ဖွဲ့တွေအနေနဲ့ ပြည်သူတွကို မတရားခြိမ်းခြောက်အနိုင်ကျင့်နေတဲ့ အကြမ်းဖက်စစ်ကောင်စီ ဒေါက်တိုင်အကြီးစားတွေ၊ စစ်ကောင်စီလက်အောက်ခံတွေ ၊ အုပ်ချုပ်ရေး မှူးတွေကို ပြင်းပြင်းထန်ထန် ထပ်မံတိုက်ခိုက်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၉ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းကျေးရွာများကို အကြမ်းဖက် စစ်တပ် က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ရေတာရှည်မြို့နယ် အခြေစိုက် တပ်ရင်း ၃၅၀၄ ထံမှ သိရသည်။...