Kyuk Se News

Kyuk Se News

ကျောက်ဆည်မြို့နယ်တွင် မတရားစစ်မှုထမ်းရန် အတိအကျ လိုက်လံစာရင်းကောက်နေသည့် အုပ်ချုပ်ရေးမှူး ခင်အာင်နှင့် ဇနီးဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံး

 

D Day News

ဧပြီလ ၁၃

 

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ ဘော်တောင်ဒေသ၊ ကြီးအင်းကျေးရွာတွင် မတရားစစ်မှုထမ်း စေရန် စာရင်းအတိအကျလိုက်လံကောက်ယူနေသည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ခင်အောင်နှင့် ဇနီးဖြစ်သူတို့ ပစ်ခတ်ခံရပြီး‌ သေဆုံးသွားကြောင်း ဒေသသတင်းရင်းမြစ်ထံက သိရသည်။

 

ဧပြီလ ၁၁ ရက် ညနေ ၇ နာရီခန့်က ကျောက်ဆည်မြို့နယ်၊ ဘော်တောင်ဒေသ၊ ကြီး အင်းကျေးရွာ တွင် အကြမ်းဖက်စစ်ကောင်စီခန့်အုပ်ချုပ်ရေး အသက် ၆၅ နှစ်အရွယ် ဦးခင်အောင်နှင့် ၎င်းဇနီး ဖြစ် သူတို့သည် အကြမ်းဖက်စစ်ကောင်စီက မတရားထုတ်ပြန်သည့် စစ်မှုထမ်းဥပဒေကို အကောင်အ ထည် ဖော်ရန် ကျေးရွာနေ လူငယ်များကို စာရင်းအတိအကျလိုက်လံကောက်ယူနေသည့် အပြင် ကျေးရွာနေပြည်သူများအပေါ်တွင်လည်း မချေမငံဆက်ဆံနေသဖြင့် တော်လှန်ရေးတပ်ဖွဲ့ တစ်ဖွဲ့က ဝင်ရောက်ပစ်ခတ်သွားနေရာမှာပင် နှစ်ဦး စလုံးသေဆုံးသွားကြောင်း သိရသည်။

 

“သူတို့ ဥက္ကဌလင်မယား တော်တော်လေးလည်းစွာတယ်၊ စစ်တပ်က စာရင်းတွေကောက်ခိုင်းပြီဆိုရင် လည်း အတိအကျလိုက်ကောက်ပေးတယ်၊ အကုန်လုံးခိုင်းတဲ့အတိုင်းလုပ်ပေးတာပေါ့၊ လင်မယားနှစ် ယောက်လုံးက ရွာသူ၊ရွာသားတွေအပေါ် ဆက်ဆံတာ မာရေ၊ကျောရေနဲ့။ စစ်မှုထမ်းဖို့စာရင်းတွေ လည်း အတိအကျ လိုက်ကောက်ပေးနေတာ။ ယောက်ျားမရှိတဲ့အချိန်ဆိုရင် မိန်းမဖြစ်သူက လုပ် တယ်၊ သူလည်း ရွာသူ၊ရွာသားတွေအပေါ် ဆက်ဆံတာ မာရေ၊ကျောရေနဲ့ပဲ။ အဲလိုတွေဆိုတော့ မခံ နိုင်တဲ့အဖွဲ့အစည်းတစ်ခုက ဝင်ပစ်သွားတာ။ ဘယ်အဖွဲ့ကလို့တော့ မသိရသေးဘူး၊” ဟု ဒေသနေ ပြည်သူတစ်ဦးက ပြောကြားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၉ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းကျေးရွာများကို အကြမ်းဖက် စစ်တပ် က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ရေတာရှည်မြို့နယ် အခြေစိုက် တပ်ရင်း ၃၅၀၄ ထံမှ သိရသည်။...