Poem

Poem

ကဗျာကဏ္ဍ “ဘုရင့်လက်စွဲ”

 

ပျိုးကြဲလက်

 

ရေမြေ့သခင် ၊ ငါဘုရင်ဟု

စိတ်တွင်မာန်ကြွ ၊ တခဏတွင်

မမျှော်လင့်ဘဲ ၊ ဇရာကဲ၍

အိုမြဲအိုရ တတ်လေ၏ ။

 

ရွှေနန်းကြော့ရှင် ၊ ငါဘုရင်ဟု

စိတ်တွင်မာန်ကြွ ၊ တခဏဝယ်

မမျှော်လင့်ဘဲ ၊ ခန္ဓာစဲ၍

သေပွဲဝင်ရ တတ်လေ၏

 

ရေမြေ့အရှင် ၊ ပြည့်ဘုရင်လည်း

ကြိုးစင်ထောင်တန်း ၊ ဖြစ်ရပ်ဆန်းတို့

မျက်ကန်းပမာ ၊ စည်းဖောက်လာက

သေချာမလွဲ ၊ ကြုံရမြဲတည့် ။

 

ဘုရင့်လက်ရုံး ၊ ပြည့်နှလုံးကို

သိမ်းကျုံးမွှေ့ယမ်း ၊ မတတ်စွမ်းလျှင်

ဝရမ်းပြေးရ ၊ လူ့ဘဝဝယ်

သမိုင်းဘယ်မှာ လှအံ့နည်း ။

 

မင်းကျင့်တရား ၊ လက်ကိုင်းထား၍

တိုင်းသားပြည်သူ ၊ ငြိမ်းစေမူက

ရှင်လူနှစ်သက် ၊ ဘုရင့်စက်သည်

ရေပွက်ပမာ ၊ ဘဝတာကို

သေချာသမိုင်းလှစေအံ့

ပြည်ရွာမရိုင်ခစေအံ့ ။     ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက် မွန်းလွဲ ၁ နာရီ ၂၅ မိနစ်

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကဗျာကဏ္ဍ “အိမ်လွမ်းတယ်ဆိုတာ ခံတွင်းချဥ်ခြင်းတစ်မျိုးပဲ”

ကဗျာကဏ္ဍ “အိမ်လွမ်းတယ်ဆိုတာ ခံတွင်းချဥ်ခြင်းတစ်မျိုးပဲ”

ခွန်းနီ (ပခုက္ကူ) အိမ်လေးတစ်အိမ် ရှိတယ် ဒါပေမဲ့ တိမ်တွေကြားမှာ အိမ်ဟာ ငြိမ်သက်နေပြီး ကျွန်တော်ဟာ မျောလွင့်လို့ အစီစဥ်တကျမရှိတဲ့ နေ့တွေကို စနစ်တကျ ဖြတ်သန်းနေတတ်ပြီ အမေ။ အချစ်ကိုဘဝ ထင်ပြီး မိုက်မဲခဲ့ဖူး သလို အခုစစ်ကို ဘဝထင်နေရ မိုက်မိုက်မဲမဲ ချစ်နေရ ဒါပေမဲ့ အမေ...