Magway News

Magway News

မင်းဘူးမြို့နယ်၊ ရွှေစက်တော်ဘုရားအဝင် ၃ မိုင်ဂိတ်အနီးမှာ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်၊ စစ်သား ၁၀ ဦးထက်မနည်းသေဆုံး

 

သံလွင်မြန်မာသတင်း

နိုဝင်ဘာလ ၃၀

 

မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ ပုသိမ်-မုံရွာလမ်းမ ရွှေစက်တော်ဘုရားအဝင် ၃ မိုင်ဂိတ်အနီး တိုက်ပွဲမှာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၁၀ ဦးထက်နည်းသေဆုံးခဲ့တယ်လို့ မင်းဘူးခရိုင်အမှတ် ၆ တပ် ရင်း က ထုတ်ပြန်ပါတယ်။

 

နိုဝင်ဘာ ၂၇ ရက်နံနက် ၁၀ နာရီခွဲခန့်က အင်အား ၅၀ မှ ၆၀ ကြားရှိတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ် စစ်ကြောင်းကို ရွှေစက်တော်ဘုရားအဝင်မုခ်ဝ ၃ မိုင် ဂိတ်အနီးမှာ တော်လှန်ရေး တပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။

အဲဒီလို တိုက်ခိုက်ခံရလို့ အကြမ်းဖက်စစ်သား အနည်းဆုံး ၁၀ ဦးခန့် သေဆုံးခဲ့တယ်လို့ မင်းဘူး ခရိုင် အမှတ် ၆ တပ်ရင်းက ပြောပါတယ်။

 

အဲဒီတိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်က လက်နက်ကြီး ပစ်ကူအလွန်အကျွံအသုံးပြုခဲ့ပေမယ့် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။

 

အဲဒီတိုက်ခိုက်မှုကို မင်းဘူးခရိုင်၊ အမှတ် (၆) တပ်ရင်း၊ မင်းဘူးခရိုင်၊ အမှတ် (၈) တပ်ရင်းနဲ့ မင်းဘူး ခရိုင် ပကဖ ဒရုန်းလက်ရုန်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

 

ဗုဒ္ဓဘာသာဝင်တွေ အထွဋ်အမြတ်ထားရာ ရွှေစက်တော်ဘုရားနဲ့ ပြည်သူလူထုကို အကာအကွယ် ယူကာ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေက စစ်ရေးပြင်ဆင်တာ၊  ခရီးသွားလာနေတဲ့ ပြည်သူ လူထုတွေဆီက ငွေကြေး ၊ အဖိုးတန်ပစ္စည်းတွေ လုယက်ယူဆောင်တာတွေကို လုပ်ဆောင်နေတဲ့ တိုက်ခိုက်ခဲ့ရတာလို့ ဆိုပါတယ်။

 

မင်းဘူးမြို့နယ်အတွင်းမှာ တိုက်ပွဲများဖြစ်ပွားလာနိုင်သောကြောင့် မိဘပြည်သူတွေအနေနဲ့ စစ် ကောင်စီတပ် ၊ ရဲစခန်းတွေနဲ့ ဝေးရာမှာ နေထိုင်ကြဖို့ အထူး မေတ္တာရပ်ခံထားပါတယ်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကျောက်ဖြူမြို့နယ်၊ နှမ်းဖဲတောင်နှင့်မင်းတက်တောင်ကြား၌ စစ်တပ်စစ်ကြောင်း ၂ ခုကို AA တပ်ဖွဲ့က တိုက်ခိုက်ချေမှုန်းမှု စစ်မှုထမ်းစစ်သား ၁၀၀ ကျော် သေဆုံး

ကျောက်ဖြူမြို့နယ်၊ နှမ်းဖဲတောင်နှင့်မင်းတက်တောင်ကြား၌ စစ်တပ်စစ်ကြောင်း ၂ ခုကို AA တပ်ဖွဲ့က တိုက်ခိုက်ချေမှုန်းမှု စစ်မှုထမ်းစစ်သား ၁၀၀ ကျော် သေဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၅ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ နှမ်းဖဲတောင်နှင့် မင်းတက်တောင်ကြား၌ အကြမ်းဖက်စစ်တပ် စစ်ကြောင်း ၂ ခုကို အာရက္ခတပ်တော် -AA က တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်မှုထမ်းတပ်သား ၁၀၀ ကျော် သေဆုံးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံက သိရသည်။ ဩဂုတ်လ ၂၂ ရက်နေ့က ကျောက်ဖြူမြို့နယ်၊...