Sagaing News

Sagaing News

ချောင်းဦးမြို့နယ်၊ ငါန်းယှန်ကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦး ခြေပြတ်လက်ပြတ်ဖြစ်

 

သံလွင်မြန်မာသတင်း

နိုဝင်ဘာလ ၃၀

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငါန်းယှန်ကျေးရွာအနီးမှာ အကြမ်းဖက်စစ်တပ်ခြေလျင်စစ် ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး ခြေပြတ်လက်ပြတ်ဖြစ်သွားတယ်လို့ မုံရွာခရိုင် တပ်ရင်း ၁၂ တပ်ခွဲ ၃ လျှပ်စီးတပ်ခွဲ ထံက သိရတယ်။

 

မနေ့က နိုဝင်ဘာလ ၂၉ ရက် မနက် ၆ နာရီက ချောင်းဦးမြို့မရဲစခန်း အကြမ်းဖက်စစ်သား၊ ရဲ အင် အား ၃၀ ခန့်နဲ့ မုံရွာ -မန္တလေးလမ်းမပေါ် ငါန်းယှန်ကျေးရွာအနီးရှိ ဆီဆိုင်ဂိတ်မှ ခရီးသွားပြည်သူကား တွေကို ဆက်ကြေးကောက်ဖို့ ထွက်လာတုန်း အကြမ်းဖက်စစ်တပ်ဂိတ်နဲ့မနီး မဝေးနေရာ အရောက် ရှေ့ထွက်မိုင်း ၄ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ၊

အဲဒီမိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ၃ ဦး မှာ ခြေပြတ်လက်ပြတ်ဖြစ် သွား တယ်လို့ မုံရွာခရိုင် တပ်ရင်း ၁၂ တပ်ခွဲ ၃ လျှပ်စီးတပ်ခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

“၄ ယောက်ထိခိုက်ပြီးတော့ ၃ ယောက်က ခြေထောက်ပြတ်၊ လက်တွေပြတ်ဖြတ်သွားတယ်၊ ဘယ်သူတွေက ဘယ်နေရာဘာပြတ်လဲ‌တော့ မသိရဘူး။ တစ်ယောက်ကတော့ အဲလို ပြတ်တာ မရှိဘူး။ ထိခိုက်မှုကတော့ရှိတယ်၊ သေတာမျိုးတော့ မရှိဘူး။ သူတို့ဘက်က ပြန်ပစ်တာနဲ့ ပြန်ပစ် ရင်း အပြန်အလှန်ပစ်တာ နာရီဝက်လောက်ကြာသွားတာ။ ၆၀ မမတွေပစ်တယ်၊ စက်လက်နဲ့ဆွဲတာ ရှိတယ်၊ ကျနော်တို့ဘက်ကရဲဘော်တွေတော့အထိအခိုက်မရှိပါဘူး” လို့ ၎င်းကရှင်းပြပါတယ်။

 

မိုင်းဆွဲတိုက်ခိုက်ပြီးနောက် အကြမ်းဖက်စစ်သားတွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်း သမ်းပစ်ခတ်တဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန် အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

 

အဲဒီစစ်ဆင်ရေးကို မုံရွာခရိုင် တပ်ရင်း ၁၂ ၊ တပ်ခွဲ ၃ – လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင်အမှတ်-၁၂ တပ်ရင်း ၊ တပ် ခွဲ- ၄ ၊ မုံခရိုင် အမှတ်-၁၅ တပ်ရင်း နှင့် ရှန်းရှန်းတောက် ပြည်သူ့ကာကွယ်ရေး အဖွဲ့ တို့ ပူး ပေါင်း တိုက်ခိုက်ခဲ့ပါ။

 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

Thanlwin Myanmar Mdeia

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကျောက်ဖြူမြို့နယ်၊ နှမ်းဖဲတောင်နှင့်မင်းတက်တောင်ကြား၌ စစ်တပ်စစ်ကြောင်း ၂ ခုကို AA တပ်ဖွဲ့က တိုက်ခိုက်ချေမှုန်းမှု စစ်မှုထမ်းစစ်သား ၁၀၀ ကျော် သေဆုံး

ကျောက်ဖြူမြို့နယ်၊ နှမ်းဖဲတောင်နှင့်မင်းတက်တောင်ကြား၌ စစ်တပ်စစ်ကြောင်း ၂ ခုကို AA တပ်ဖွဲ့က တိုက်ခိုက်ချေမှုန်းမှု စစ်မှုထမ်းစစ်သား ၁၀၀ ကျော် သေဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၅ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ နှမ်းဖဲတောင်နှင့် မင်းတက်တောင်ကြား၌ အကြမ်းဖက်စစ်တပ် စစ်ကြောင်း ၂ ခုကို အာရက္ခတပ်တော် -AA က တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်မှုထမ်းတပ်သား ၁၀၀ ကျော် သေဆုံးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံက သိရသည်။ ဩဂုတ်လ ၂၂ ရက်နေ့က ကျောက်ဖြူမြို့နယ်၊...