Poem

Poem

ကဗျာ ကဏ္ဍ “အောင်လံဖြူဖြူ လွှင့်စေသား”

 

ပျိုးကြဲလက်

 

နိုင်ငံတော် ပုန်ကန်ပြုလို့

အံတုတဲ့ သဟာများကိုလ

တရားခွင် အချက်ပေးပါပေါ့

ဆွေးနွေးကွယ့် ခေါင်းချင်းဆိုင် ။

 

ကြံရာပါ ဝန်းရံသူနှင့်

လူမှန်ရင် အလေးထားကွယ့်

တရားမဏ္ဍိုင် ။

 

တို့တရား တို့စီရင်က

ထောက်တိုင်ပင် မကျန်စေရပါဘု

ရာဇဝတ်ဘေး မလွတ်နိုင်

ရှောင်လမ်းပိုင်ပိုင် ရှိသေး ။

 

အလျှင်အမြန် အမြင်မှန်ရင်ဖြင့်

ပြည်သူ့ထံ အလင်းဝင်လို့

ပြုပြင်ကွယ့်လေး ။   ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကဗျာကဏ္ဍ “အိမ်လွမ်းတယ်ဆိုတာ ခံတွင်းချဥ်ခြင်းတစ်မျိုးပဲ”

ကဗျာကဏ္ဍ “အိမ်လွမ်းတယ်ဆိုတာ ခံတွင်းချဥ်ခြင်းတစ်မျိုးပဲ”

ခွန်းနီ (ပခုက္ကူ) အိမ်လေးတစ်အိမ် ရှိတယ် ဒါပေမဲ့ တိမ်တွေကြားမှာ အိမ်ဟာ ငြိမ်သက်နေပြီး ကျွန်တော်ဟာ မျောလွင့်လို့ အစီစဥ်တကျမရှိတဲ့ နေ့တွေကို စနစ်တကျ ဖြတ်သန်းနေတတ်ပြီ အမေ။ အချစ်ကိုဘဝ ထင်ပြီး မိုက်မဲခဲ့ဖူး သလို အခုစစ်ကို ဘဝထင်နေရ မိုက်မိုက်မဲမဲ ချစ်နေရ ဒါပေမဲ့ အမေ...